SAC News

SAC News

NUG ၊ PDF တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ် ငန်းများ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယာယီအပစ်အခတ်ရပ်စဲခဲ့သော်လည်း စစ်ခေါင်း မင်းအောင်လှိုင်က လက်မခံပဲ ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

NUG ၊ PDF တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ် ငန်းများ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယာယီ အပစ်အခတ်ရပ်စဲခဲ့သော်လည်း စစ်ခေါင်း မင်းအောင်လှိုင်က လက်မခံပဲ ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ငလျင်ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း စစ် ကောင်စီလော်ဘီသတင်းချန်နယ်များက ရေးသားဖော်ပြထားသည်။

“အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေမှာ တိုက်ပွဲဖော် ဆောင်ခြင်းများ မရှိသော်လည်း တိုက်ခိုက်ခြင်းများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင် ဆင်ခြင်းများ လုပ်ဆောင်နေကြတာကို မိမိိတို့အနေဖြင့် သိရှိပြီးဖြစ်ပြီး အဲ့လိုဆောင်ရွက်နေခြင်းဟာ တိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွက် တပ်မတော်အနေဖြင့် လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေ ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြား သည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေ ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းများ စိတ်လက် ကြည်သာစွာ လုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အထူးလိုလားပါကြောင်း၊ ထို့ ကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံ့ပြန်မှု မျိုးမှ လွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင် တိုက် ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိတစ်လတာ တစ်ဖက်သတ် အပစ် အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

ထို့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားရန်နှင့် ပြည် တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့် အကူအညီနှင့် ကာကွယ်စောင့် ရှောက်မှု ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၂/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များအား ညွှန်ကြားထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...