Religious News

Religious News

အာဏာရှင်ကိုတွန်းလှန်မှု အချိန်ကြာလာသည်နှင့်အမျှ စိတ်ဖိစီးမှုဖြစ်ပေါ်လာတတ်ပြီး အချင်းချင်း အပြန်အလှန် ဖေးမကူညီကြရန် ဆရာတော်ဥူးဝါယမ တိုက်တွန်း (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁

 

အာဏာရှင်ကိုတွန်းလှန်းမှု အချိန်ကြာလာသည်နှင့်အမျှ စိတ်ဖိစီးမှုဖြစ်ပေါ်လာတတ်ပြီး အချင်းချင်း အပြန်အလှန် နားလည်သီးခံခွင့်လွှတ်မှုဖြင့် ကူညီကြရန် ဆရာတော် ဥူးဝါယမက တိုက်တွန်းပြော ကြားသည်။

 

ယမန်နေ့ ဇွန်လ ၃၀ ရက်နံနက် ၁၀ နာရီအချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်နေရာတွင် ဒွလ်အဿွ်ဟာ ကုရ်ဗာနီအီးဒ် အထိမ်းအမှတ် ဘာသာပေါင်း စုံ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တော်လှန်ရေး ၃ နှစ်ကျော်ကာလတော့ ခက်ခဲမှုတွေ၊ ဖိစီးမှုတွေရှိကြပါတယ်။ တော်လှန်ရေး ကာလ မှာ အခက်အခဲတွေကြီးလာလေ ကိုယ်အခက်အခဲနဲ့တန်တဲ့ စိတ်ပိုင်းဆိုင်ရာတွေ မပြည့်ဝကြ တဲ့အခါ မှာ အားနည်းကြတဲ့အခါမှာ အခက်အခဲတွေကျော်လွှားဖို့ခက်လာတယ်၊ အဲဒီအခါမှာ အချင်း မညီ ညွတ် မှု၊ မသင့်တင့်မှု မမျှတမှု ဆိုတဲ့အကောင်းအရာတွေဖြစ်လာတာကို အကြီးအကျယ် ဖြစ်မလာ အောင် တားဆီးနိုင်ဖို့၊ ရပ်ဆိုင်းနိုင်ကြဖို့ လိုအပ်ပါတယ်၊ အာဏာရှင်ကို မနိုင်တဲ့အခါမှာ စိတ်ဖိစီးမှု ကြောင့် ကိုယ့်အချင်းချင်း အနိုင်ယူချင်တာလေးတွေရှိလာတတ်တယ်။ အာဏာရှင်ကို တွန်းလှန်တဲ့ အခါမှာ အခက်အခဲကြီးတယ်၊ အခက်အခဲကြီးတဲ့အခါမှာ စိတ်ဖိစီးမှုများလာတယ်။ များလာတဲ့ အခါ မှာ တစ်ယောက်အားနည်းချက်လေးတွေကို ပြောကြရင်း၊ ပြင်ကြရင်း ကနေ အနိုင်ယူမှုတွေ ဖြစ်လာ တယ်။ ဒါတွေကိုသတိကြပ်ကြပ်ထားပြီးတော့ အာဏာရှင်ကို တွန်းလှန်ရင်း စိတ်ဖိစီးမှုဖြစ်လာတဲ့ အခါမှာ ဒီလိုမြင်တတ်တာပဲ၊ ငါတို့ကိုယ့်စိတ်ပိုင်းဆိုင်ရာကို လျော့ချရမယ်။ တစ်ယောက်နဲ့တစ် ယောက် ပိုနားလည်ရမယ်၊ ပိုချစ်ခင်ရမယ်၊ ပိုစည်းလုံးရမယ်ဆိုတဲ့ စိတ်ကို ဖြစ်အောင်မွေးမြူရမယ်၊ ဒီလိုသွားရမယ်လို့ မြင်ပါတယ်။” ဟု ဆရာတော်ဥူးဝါယမက ပြောဆိုသည်။

https://youtu.be/TkJCwC2xqf4

ထိုအပြင် နှလုံးသားမပုတ်ကြရန် လိုကြောင်း၊ နှလုံးသားဆိုသည့် အသားတုံးတစ်တုံးကောင်းနေ ရန် လိုကြောင်း၊ ဗုဒ္ဓဘာသာအလိုဆိုပါက စိတ်ကောင်းရှိရန်လိုကြောင်း၊ စာနာစိတ်ဖြင့် တစ်ဦးနှင့် တစ်ဦး နားလည်ကြပါက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်မှုမှသည် မတရားမှုတော်လှန်နေကြသည့် ချစ် ကြည်ညီညွတ်ကြကာ တော်လှန်ရေးကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဆရာတော်ဥူးဝါယမက ဆက်လက်ပြောဆိုသည်။

 

“’ဘုန်းဘုန်း’ လူသားတိုင်းမှာ အသားတုံး တစ်တုံးရှိတယ်၊ အစ္စလာမ်ဘာသာကပြောတဲ့စကားလေး တစ်ခွန်း၊ ဒီစကားက တကယ်ကောင်းလို့ အလေးအမြတ်ထားပြီး လက်ဆောင်ပါးပါတယ်။ အဲဒီတော့ လူတိုင်းမှာ အသားတုံးတစ်တုံးရှိတယ်တဲ့၊ အဲဒီအသားတုံးတစ်တုံးပုတ်နေပြီဆိုရင်တော့ လူဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူးတဲ့၊ အဲဒီအသားတုံးကဘာလဲဆိုတော့ နှလုံးသားတဲ့၊ နှလုံးသားတွေကောင်းနေ ကြဖို့လိုတယ်၊ နှလုံးသားက ပုတ်နေရင်တော့ အဲဒီလူအသက်ရှင်နေလဲပဲ အလကားပဲ၊” ဆရာတော် ဥူးဝါယမက ပြောကြားသည်။

 

အလားတူ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အစ္စလာမ်ဘာသာအရ နှလုံသား ပျက် စီး သွားသူ ဖြစ်ပြီး နှလုံးသားပျက်စီးသွားသဖြင့် ၎င်း၏အကျိုးတစ်ခုတည်းသာ ကြည့်ရှုကာ အားလုံး ကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးဆရာတော်က မိန့်ကြားသည်။

 

ဟိန္ဒူဘာသာဝင်များအနေဖြင့် နွေဦးတော်လှန်ရေးအောင်မြင်မှုရရှိစေရန် ပူပေါင်းဝင်နေကြောင်း၊ ခရစ္စယာန် ဘာသာသာဝင်ဆရာမလည်း ဖက်ဒရယ်ပြည်ထောင်စုတည် ရေးတွင် အားလုံးစုပေါင်း ညီညွတ်ရန် လိုအပ်ကြောင်း အသီးသီး တိုက်တွန်း ပြောဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...