သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွား ခဲ့ရခြင်းဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က NCA ၁၀ နှစ်ပြည်နှစ် ပတ်လည်နေ့ အထိမ်းအမှတ်တွင် ထည့်သွင်းပြောဆိုထားသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAOs) တို့အကြား လက်မှတ်ရေးထိုးချုပ် ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၁၀ နှစ်ပြည့် ခဲ့ပြီး ဖြစ်ကြောင်း၊ NCA ဖြစ်ပေါ်လာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့ကြသည့် အစိုးရနှင့် EAOs များ ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဝမ်းမြောက်ခြင်းများစွာဖြင့် ဂုဏ်ယူပါကြောင်း အသိပေးထားသည်။
Photo – ၂၀၂၂ ခုနှစ်က RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်ဆစ်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်း အောင်လှိုင်တို့ တွေ့ဆုံစဉ်
လွန်ခဲ့သည့် (၁၀) နှစ် တာကာလအတွင်း အားနည်းချက်များ၊ စိန်ခေါ်မှုများ အမျိုးမျိုးရှိခဲ့သဖြင့် NCA ကို ရည်မှန်းထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းအပါ် နှစ်ဦးနှစ် ဖက် သဘောပေါက်လက်ခံပြီး အနာဂတ် NCA အကောင်အထည်ဖော်ဆောင်ခြင်းအား ပူးပေါင်းဆောင် ရွက်သင့် ပါကြောင်း အကြံပြုထားသည်။
NCA အကောင်အထည်ဖော်ခြင်းကို ရည် မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦး နှစ်ဖက် အကြား ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်အတိုင်း အကောင်အထည် မဖော်နိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက် ရောက်ရှိရေးအတွက် အစိုးရက EAOs များအား ဖိအားပေး၍ လုပ်ဆောင်စေခြင်း၊ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် အစိုးရအနေဖြင့် စိတ်အားထက်သန်မှုနည်းပါး ခြင်း၊ တပ်မတော်က တိုင်းပြည် အာဏာအား ထိန်းချုပ်လိုက်သည့်အတွက် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ရပ်တန့်သွားစေခဲ့ခြင်းတို့ဖြစ် ကြောင်း ပြောဆိုထားသည်။
အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် တပ်မတော်အနေဖြင့် EAOs များနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအား ပြန်လည်ဖော် ဆောင်ရွက်ခြင်း၊ ဆွေးနွေးပွဲ အဆင့် (၁) တွင် တပ်မတော်နှင့် EAOs များဆွေးနွေးပြီး သဘောတူညီချက် များ ဦးစွာရယူခြင်း၊ အဆင့် (၂) တွင် နိုင်ငံရေးပါတီများက ပါဝင်တက်ရောက်ပြီး သုံးပွင့် ဆိုင် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် အကောင် အထည်ဖော်သင့်ကြောင်း အကြံပြုထားသည်။
ထို့အပြင်ဆွေးနွေးပွဲသို့ နိုင်ငံတကာအား အသိသက်သေများအဖြစ် ပါဝင်တက်ရောက်စေခြင်း၊ နိုင်ငံ ရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်မူကို အဓိကထားပြီး ဆွေးဆွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာ သည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်သွင်း ၍ ဥပဒေအဖြစ် အတည်ပြုပြဌာန်းခြင်း တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆက်လက် အကြံပြုထားသည်။
NCA ၏အနှစ်သာရဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက် ဖက်မှ ဆွေးနွေးခြင်းနည်းလမ်းဖြင့် တွေ့ဆုံအကောင်အထည်ဖော်သွားကြပါရန် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ -RCSS က တိုက်တွန်းသည်။
Thanlwin Myanmar Media