သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်က မြောက်ဦးမြို့ ၊ ဒိုင်းကျီရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလှူပွဲ ပြုလုပ်ရန် ပြင်ဆင်နေကြသည့် နေအိမ်ကို ထိမှန်ပေါက်ခဲ့ရာ အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များနှင့် ၎င်းပတ်ဝန်းကျင် အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး ပွဲသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဆေးကုသမှုခံယူနေသော အသက် ၃၂ နှစ်အရွယ် အေးစန္ဒာ နှင့် အသက် ၄ နှစ်အရွယ် မောင်အောင်အောင်တို့မှာ ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၅ ရက် တနေ့တည်း၌ပင် အကြမ်းဖက်စစ်ကောင်စီတပ်က မြောက်ဦးမြို့၊ မင်း ပြားမြို့နှင့် ပေါက်တောမြို့နယ်တို့ရှိ အရပ်သားပြည်သူလူထုများရှိရာ ရပ်ကွက်များအတွင်းသို့ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်သာမက စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူများနေထိုင်ရာ ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media