ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၁

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြပါရန် အာရက္ခတပ်တော် -AA ကသတိ ပေးထားသည်။

ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်သင်္ဘော များပေါ်မှ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြ သည့် ရေလုပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ် လျက်ရှိ ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြိုအနီး ပတ်ဝန်းကျင်အား ဂျက်ဖိုက် တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ယမန်နေ့ အောက်တိုဘာလ ၉ ရက် ညနေ ၄ နာရီ ၄ မိနစ်မှ ၄ နာရီ ၁၄ မိနစ်အတွင်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာ၏ အနောက် ဘက်မီတာ တစ် သောင်းခန့် (၁၀,၀၀၀ မီတာခန့်) အကွာအဝေးရှိ ပင်လယ်ပြင်၌ ရပ်နားထားသော စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၉ ရက်နေ့က သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်တွင် အထိုင် ချထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် သံတွဲမြိုပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ် ခဲ့သည်သာ မက သံတွဲ နှင့် ဂွ မြိုပေါ်တွင် Y8 ၊ Y12 လေယာဉ်များဖြင့် ၄ နာရီခန့်ကြာ မရပ်မနား ဆက်တိုက်ဝဲပျံ နေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ သံတွဲမြိုနှင့် မြို ပတ်ဝန်းကျင်နေရာအများအပြားသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေ အနီးနှင့် လင်းရိုး တောင်ထက်ကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်၏ သံတွဲမြိုပေါ်ရပ်ကွက်များရှိ အ ပြစ်မဲ့အရပ်သား ပြည်သူများအပေါ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ဦးညီညီ (၄၀) နှစ်မှာ သံတွဲမြို၊ အမှတ် (၄) ရက်ကွက် နေအိမ်၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရ သည်။

ထို့အပြင်ကိုယ်ဝန်ဆောင်မိခင် (၁) ဦးနှင့် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ်များနှင့် ဘုန်းကြီး ကျောင်းဝင်း နေရာအချို့တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် သံတွဲမြို၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာမှ အရပ်သား ရေလုပ်သားပြည်သူ ၄ ဦးဖြစ်ကြသော ဦး‌မောင်ကို (၅၁) နှစ်၊ ဦးကျော်ဝေသန်း (၄၂) နှစ်၊ ဦးဖိုးနီ (၅၀) နှစ် နှင့် ဦးညီညီ (၃၉) နှစ် တိုသည် ပင်လယ်ပြင်ကမ်းနီး၌ ငါးဖမ်းနေစဉ် စစ်ကော်မ ရှင်၏ ရေတပ်မှ ဖမ်းဆီးသွားကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ ဆား ပြင်ကွင်း ရပ်ကွက်မှ အပြစ်မဲ့ ရေလုပ်သားပြည်သူ ၂၀ ကျော်ကို စစ်ကော်မရှင်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် ပင်လယ်ကမ်းနီး မြို့၊ ရွာများမှ မိဘပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ် ကော်မရှင်၏ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပါရန်နှင့် စစ်ရေးသတိရှိကြပါရန် အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁...