Rakhine News

Rakhine News

ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု သေဆုံးသူအချို့ရှိခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတစ်ခုလုံး ပျက်စီး

 

D Day News

မေလ ၁၅

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကျေးရွာရှိ ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူအချို့ရှိခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းထိခိုက် ဒဏ်ရာ ရရှိကာ ဆေးရုံ တစ်ခုလုံးပျက်စီးခဲ့ကြောင်း ရခိုင့်တပ်တော် – AA ကထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁၄ ရက် ညသန်းခေါင်ယံအချိန် ည ၁၂ နာရီ ၁၆ မိနစ် (ယနေ့မေလ ၁၅ ရက် နံနက် အစောပိုင်း) က အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကျေး ရွာရှိ ဝဲကြီးထောင့်ဆေးရုံကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုးခဲ့ရပြီး ဆေးဝန် ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ ကာ ၎င်းတို့အထဲဝွင် အပြင်းအထန်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ပြီး သေဆုံးသူအချိုရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူ မျိုးရေး  အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်ကြောင်း၊ ထိုအတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ခြင်း လည်း ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုသည်။

 

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ပြီ ULA/AA အနေဖြင့် စစ် ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာ အဖွဲ့ အစည်းများထံ ပေးပိုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...