မောင်တောမြို့နယ်တွင် ARSA အဖွဲ့က အရပ်သား ခရီးသည်တင် ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦး ကို ပစ်သတ်

မောင်တောမြို့နယ်တွင် ARSA အဖွဲ့က အရပ်သား ခရီးသည်တင် ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦး ကို ပစ်သတ်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုရွာအနီးတွင် ARSA အကြမ်းဖက်အဖွဲ့က ခရီးသည်တင်က ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က မောင်တောမြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုပ်သီး စသည့် အခြေခံစားသောက်ကုန်များ ဝယ်ယူပြီး ကျောက်ပန္ဒူရွာသို့ ကား တစ်စီးကို မြိုယုရွာ၏အရှေ့ဘက် တံတားအနီးအရောက် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ကာ ဓားပြတိုက်ပြီး ကားပေါ်ပါ ခရီးသည်များနှင့် ကား မောင်းသမားတို့ကို ဖမ်းဆီးကာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များ အားလုံးကို ယူဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားသည့် နေရာသို့ အာရက္ခတပ်တော်မှ သွားရောက်စစ်ပြီး အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် ၅ ဦးထဲမှ အသက် ၃၀ အရွယ် ဝေဝေစိုး နှင့် အသက် ၄၀ အရွယ် နိုင်နိုင်ဆွေ တို့နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ထားသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း၊ အသက် ၃ နှစ်အရွယ် သေဆုံး သူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန်ကို မိခင်၏ အလောင်းဘေး၌ အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုနောက်တွင် ဆက်လက်ရှာဖွေရာ အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာ သော ကားမောင်းသူ အသက် ၃၀ အရွယ် ကိုထွန်းဝင်း၊ ခရီးသည် အသက် ၂၅ နှစ်အရွယ် မောင်သန်း ထွီး တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို အပြစ်မဲ့အရပ်သားပြည်သူများအား ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်၍ ထွက်ပြေးသွားကြ သော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းကာ ဒေသအတွင်းအကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက် ဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်များသည် အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာ ခြင်းကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန်  သတိပေးထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရခိုင်ပြည်နယ်တွင် အလင်းဝင်ရောက်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အ သက် ၆၂ နှစ်အရွယ် အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်သွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁...