Rakhine News

Rakhine News

သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က တနေကုန် ဗုံးကျဲဖျက်ဆီး မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိပြီး နေအိမ်အများအပြားပျက်စီး

 

D Day News

ဇွန်လ ၆

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ် က တနေကုန် လေကြောင်း၊ ရေကြောင်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူအများ အပြားသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၄ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လေ ကြောင်း ပေါင် ၅၀၀ ဗုံးသီးများတနေကုန်၊ တညလုံးဆက်တိုက်ကျဲခဲ့ရာ ကျေးရွာနေပြည်သူ အ မြောက်အများ သေဆုံးဒဏ်ရာရရှိမှုရှိခဲ့ပြီး ထွက်ပြေးသူများမှာလည်း ရွာသို့ ပြန်လည် ကပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

“မနက် ၈ နာရီလောက်ကနေ နေဗီကနေ လက်နက်ကြီးနဲ့ စထုတာ။ အဲဒီအချိန်မှာ လူတွေက ရွာကို တော့ လက်နက်ကြီးပစ်ပြီးဆိုပြီး ပြေးတဲ့သူတယ်။ အလုပ်လုပ်တဲ့အချိန်ဆိုတော့ ချက်ပြုတ်စား သောက်နေကြတာ၊ ပြီးတော့ ၁၀ နာရီ ၄၅ လောက်ကစပြီး လေယာဉ် ဗုံးကျဲချတော့တာ။ အဲဒီအချိန် မှာ တော်တော်များများ ဒဏ်ရာရတာတွေရှိတယ်။ ကလေးငယ်လေး နားရွက်ပြတ်တာတွေရှိတယ်။ လူကြီးတွေ လက်ပြတ်သွားတာတွေရှိတယ်။ အဲဒီပထမအကြိမ်ဗုံးကျဲမှုမှာပဲ မဟေမာန်ဆိုတဲ့ အမျိုး သမီးက ခေါင်းပြတ်သွားတယ်၊ သူ့မှာက တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်နဲ့ ၄ နှစ်အရွယ် ကလေးတစ်ယောက်ကျန်ခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဆင်ခေါင်းကျေးရွာသည် ပင်လယ် အဆုံးဘက်ရွာ တစ် ရွာ ဖြစ်ပြီး ပင်လယ်လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ကြကြောင်း၊ တိုက်ပွဲတစ်ကြိမ်မျှ ဖြစ်ပွား ခဲ့ဖူး ခြင်းမရှိသည့်အပြင် လက်ရှိတိုက်ပွဲဖြစ်နေသည့် နေရာများနှင့်လည်း အလှမ်းကွားဝေးကြောင်း သိရသည်။

“ပထမဆုံးတစ်လုံးကျဲပြီးတာနဲ့ ဒဏ်ရာရတဲ့သူက ရ၊ ပြေးတဲ့သူကပြေးပေါ့၊ အဲဒီအချိန်မှာတော့ လုံးဝ ကမ္ဘာပျက်သလိုပဲ အားလုံးပြေးကြရတာ။ ကျနော်တို့လည်း ပြေးတဲ့အထဲပါတာပေါ့နော၊ ကျနော်တို့ နေ့ခင်း ၁၂ နာရီခွဲ ၁ နာရီလောက်ရောက်တော့ လှေပေါ်ရောက်တယ်၊ ရေထဲကပြေးရတာ၊ ကုန်းလမ်း က ပိတ်ထားလို့၊ ရေထဲကပြေးနေတဲ့အချိန်မှာပဲ လေယာဉ်က ထပ်ပြီးလာကျဲတယ်။ ရွာမှာ မပြေးနိုင် တဲ့ မသွားနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ ပြီးတော့ အိမ်တွေ၊ ဘာတွေစောင့်ဖို့အတွက် တချို့ယောက်ျား တွေကျန်ခဲ့တယ်။ ပထမ ဗုံးကျတဲ့နေရာနဲ့ ဝေးတဲ့ ရွာအလယ်ပိုင်းက လူတွေကျန်ခဲ့တာပေါ့။ အဲဒီ တစ်နာရီခွဲ လောက်ကနေ ကျဲလိုက်တဲ့ အကျဲက မိုးချုပ်ထဲအထိပဲ၊ လေယာဉ်နဲ့ တောက်လျှောက်ကျဲ တာ။ ညဘက်က ဆင်ခေါင်းကျေးရွာကို ကျဲနေတုန်းပဲ။ မနက်မိုးလင်းတော့ နေဗီကထုတယ်။ နေဗီ ၆ စီးနဲ့” ဟု စစ်တပ်က ဗုံးကျဲခံရမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူ ဆင်ခေါင်းကျေးရွာနေ ပြည်သူ က ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဆင်ခေါင်းကျေးရွာနေပြည်သူများက ရခိုင့်တပ်တော် – AA ကို ထောက်ခံသည်ဟု ဆိုကာ အငြိုးအတေးဖြင့် ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဆင် ခေါင်းကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ မတရားစစ်ဆေးခြင်း၊ သွားလာခွင့်ပိတ်ပင် ခြင်းများ တောက်လျှောက်လုပ်ဆောင်မှုရှိခဲ့ကြောင်း သိရသည်။

 

“ဒီနေ့မနက်အထိကို လေယာဉ်နဲ့လာကျဲနေတုန်းပဲ၊ ရွာက အပျက်အစီး အဆုံးအရှုံကျနော်တို့ သိရ သလောက်ကတော့ စာသင်ကျောင်းမီးလောင်သွားတယ်။ စလေကုန်းပိုင်းတွေ၊ ရွာအလယ်ပိုင်းတွေ တော်တော်များများ ပျက်စီးသွားတယ်။ပထမ အလုံးထက်နောက်အလုံးတွေက ပိုကြီးတယ်၊ ပေါင် ၅၀၀ တွေလို့ပြောတယ်၊ မီးလောင်တာတွေရှိတယ်၊အပျက်အစီးများတာတွေရှိတယ်၊ လေယာဉ်နဲ့ တောက်လျှောက်တစ်ရွာလုံးနီးပါးကို ကျဲလိုက်တာ။ အခုတော့ ရွာသားတွေက အဲဒီရွာမှာ တစ် ယောက် မှမရှိတော့ဘူး။ အားလုံးကပြေးကုန်ကြပြီ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အဆက် အသွယ်မရတော့ဘူး။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ကျနော်တို့ ထပ်သိရသလောက်တော့ တောင်းအေ့ခ်လိုကားနဲ့ အရင်က ရေခဲတိုက်တဲ့ကားတွေ၊ အဲလိုကားနဲ့ အလောင်းတွေ ပုံပြီးတော့ သယ်သွားတာတွေ့တယ်လို့ သတင်းရတဲ့သူတစ်ယောက်က ဖုန်းဆက်တယ်။ တချို့မကောက် နိုင် သေးတဲ့အလောင်းတွေလည်း ရှိသေးတယ်ပေါ့။ အတိအကျတော့ မသိရသေးဘူး။ ဒါက ကျနော် တို့သိရတဲ့သတင်းပေါ့။” ဟု စစ်တပ်က ဗုံးကျဲခံရမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူ ဆင်ခေါင်း ကျေးရွာနေ ပြည်သူက ရှင်းပြသည်။

 

ဆင်ခေါင်းကျေးရွာနေပြည်သူအားလုံးမှာ လွတ်ရွာကျွတ်ရာနေများသို့ ကိုယ်အစီအစဉ်ဖြင့် ကိုယ် ထွက်ပြေးနေကြရပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရမှုရှိသဖြင့် အဆက်အသွယ် ပြတ် တောက်နေကြောင်း၊ ကျေးရွာအတွင်းသို့ ရုပ်အလောင်းများသယ်ဆောင်သွားသည်ကို မည့်သည့် အဖွဲ့အစည်းက သယ်ဆောင်လျက်ရှိသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...