Rakhine News

Rakhine News

သံတွဲမြို့နယ်၊ ဒေါ်မြရွာဟောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ကျော်သေဆုံး

 

D Day News

ဧပြီလ ၂၃

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒေါ်မြရွာဟောင်းတွင် ရခိုင့်တပ်တော် -AA နှင့် အကြမ်းဖက် စစ်တပ် တို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် မွန်းတည့် ၁၂  နာရီခန့်က ညနေ ၆ နာရီခန့်အထိ သံတွဲမြို့နှင့် ၁၀ မိုင်ခန့် အကွာရှိ ဒေါ်မြရွာဟောင်းတွင် ရခိုင့်တပ်တော် – AA နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ် ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီ ခန့်၌ သံတွဲမြို့နယ်၊ ရွှေလှံတံတားအကျော် ဒေါမြရွာဟောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာ စစ်သား ၃၀ ကျော်သေတယ်၊ AA ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့၊ သူတို့ က နေရာကောင်းယူထားပြီး တိုက်ခိုက်လို့။ နေ့လည် ၁၂ နာရီကနေ နေဝင်ချိန်အထိ ဒေါ်မြရွာ ဟောင်းမှာ ဖြစ်တာ။ လက်နက်ကြီးသံနဲ့ အတွဲ လိုက် ပစ်တဲ့အသံတွေ ၅ မိုင်ဝန်းကျင်က အတိုင်းသား ကြားနေရတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ဂျက်တိုက်လယာဉ်နဲ့ လာပြီး ဗုံးကျဲခဲ့တယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်မှာ ငပလီအခြေစိုက် ခမရ ၅၆၆ တပ်ရင်းမှ အကြမ်းဖက်စစ်သားများဖြစ်ပြီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းကလည်း တပ်မ ၅၅ မှ အကြမ်းဖက်စစ်သား ၆၀ ခန့်အင်အားဖြည့် တင်း ထားကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီကျော်ကလည်း ငပလီဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် က လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲမှုရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများလည်းကြား နေရ ကြောင်း၊ ယင်းတိုက်ပွဲကြောင့် ဒေသနေပြည်သူများမှာ စစ်ဘေးလွတ်ရာ ရွှေလှေကျေးရွာဘုန်းကြီး ကျောင်း အတွင်း၌ ခိုလှုံ နေကြကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...