Pyin Oo Lwin News

Pyin Oo Lwin News

ပြင်ဦးလွင်ခရိုင် ပကဖ၏ စစ်ရေးရည်မှန်းချက်အတိုင်း မြေပြင်ဝေဟင် စစ်ဆင်ရေးများဆင်နွှဲနေဟု ပြင်ဦးလွင်ခရိုင်ဒရူန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) အသိပေး

 

D Day News

ဩဂုတ်လ ၂၉

 

ပြင်ဦးလွင်ခရိုင် ပကဖ ၏ စစ်ရေးရည်မှန်းချက်အတိုင်း မြေပြင် ဝေဟင်စစ်ဆင်ရေးမျာ ဆင်နွှဲနေဟု ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)က ထုတ်ပြန်အသိပေးထားသည်။

 

ဩဂုတ်လ ၂၂ ရက်နေ့ကစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ် ဒေသ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ၏ စစ်ရေး ရည်မှန်းချက် အစီအမံများအတိုင်း ရှေ့တန်းစစ်မြေပြင်၌ ဝေဟင် စစ်ဆင်ရေးသာမက မြေပြင်တိုက်ပွဲများပါ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ နေ့ ၊ ည မပျက် အတူတကွ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး အောင်မြင်မှုများကိုလည်း မကြာမီ အချိန် အတွင်း ချပြနိုင်ရန် ကြိုးစားနေကြောင်း အသိပေးထားသည်။

“ခရိုင်စစ်ဆင်ရေးရဲ့ ရည်မှန်းချက်အတိုင်း စစ်ဆင်ရေးဖော်ဆောင်နေတာပါ။ နယ်မြေခံတပ်ရင်း၊ တပ် ဖွဲ့တွေနဲ့အတူတူ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။ အောင်မြင်မှုရလဒ်တွေကိုလည်း မကြာခင် တဝကြီး ချပြနိုင်အောင် ကြိုးစားနေပါတယ်။ ပြည်သူတွေအနေနဲ့အားတင်းထားပါ၊ မကြာခင် ကျနော်တို့ ပန်းတိုင်ကို ရောက်တော့မှာပါ။ ကျနော်တို့ အတူအတူ အားကုန်သုံးပြီး အာဏာရှင်ကို‌ မောင်း ထုတ် ကြရအောင်ပါ” ဟု ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက တိုက်တွန်း ပြောကြားသည်။

 

ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ ထွေလီကာလီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 7PDF (MDY)တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ အခြားမဟာမိတ် တပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...