NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၃

NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA စာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက် ရောက်ရန် တိုက်တွန်း NCA စာချုပ်လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၆ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပူးတွဲ ထုတ် ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်းချက်များ ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အသိ ပေးထားသည်။

“တနိုင်ငံအပစ်အခတ်ရပ်စဲရေးစာချုပ် -NCA ကို ရေးထိုးခဲ့ရတဲ့အကြောင်းအရင်းက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ဖြစ်ပါတယ်။ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေး အရ ဖြေရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါကိုလည်း NCA စာချုပ်မှာ အတိအလင်းဖော်ပြထားပါ တယ်။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာတော့ NCA စာချုပ် အနှစ် အသာရတွေရော၊ အခြေခံမူတွေရော အကုန်ပျက်ပြယ်သွားပါတယ်။ ဒါ့ကြောင့်မို့ NCA စာချုပ် ပျက် စီးရတဲ့အကြောင်းအရင်းက စစ်တပ်အာဏာသိမ်းတာပါပဲ၊ NCA စာချုပ်အခုလို စက္ကူစုတ်ဖြစ် သွား ရတဲ့ တရားခံကလည်း စစ်တပ်ပါပဲ။” ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်ကျော်လင်းက ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး KNU ၊ CNF ၊ ABSDF နှင့် PNLO တို့သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် NMSP နှင့် LDU တို့သည် ထပ်မံ၍လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်စဉ်ကာလ အတွင်း မြန်မာစစ်တပ်သည် လုပ်ငန်းစဉ်အား လွှမ်းမိုး ထိန်းချုပ်ခြင်း၊ ၎င်းတို့၏ စစ်တပ်ကြီးစိုးရေး မူဝါဒများဖြင့် တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကို အကောင်အထည်မဖော်နိုင်ရန် တားဆီးခြင်းများပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်များအား အကြိမ်ကြိမ် ချိုးဖောက်ခြင်းများရှိခဲ့ကြောင်း အသိပေးထားသည်။

သို့သော်လည်း မိမိတို့သည် ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရန် ရည်မှန်းချက်ဖြင့် စိတ်ရှည်ညည်းခံ၊ နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့မှု ကြောင့် သဘောတူညီချက်အချို့ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြည် သူလူထု ကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေ ကြောင်းတိုက်ခိုက်မှု များ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက် ရှိစဥ်တွင်ပင် NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အသိပေးထား သည်။

စစ်အုပ်စု၏ NCA အမည်ခံပြီး ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များ နှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်၌ ကျင်းပရန် ပြင် ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်း ချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း၊ နိုင်ငံ၏ အကျပ်အတည်းနှင့် ပြည် သူ လူ ထု ၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျားစေမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူလူထုကိုနေ့စဥ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကိုအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေသည့် စစ် အုပ်စု ၏ ဟန်ပြလုပ်ငန်းစဉ်များ တွင်ပါဝင်ခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ် ပြည့်မြောက် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်ကြောင်းပြသ ကြရန် UN, ASEAN နှင့် နိုင်ငံတကာသံတမန်များထံသို့ NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့သည့် အဖွဲ့အစည်း ၆ ဖွဲ့က တိုက်တွန်းထားသည်။

မိမိတို့သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး၏လမ်းစဖြစ်သည့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှု ရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန် တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္နိဌာန်ချ တစိုက်မတ်မတ် တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...