သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၁
အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသား လူမျိုးများကောင်စီ (Multi Ethnic Councils- MEC) နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်း များစုပေါင်း ထုတ်ပြန်လိုက်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှစတင်၍ တိုင်းရင်းသားလူမျိုးများ ကောင်စီ (Multi Ethnic Councils- MEC) က ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom- up Federalism Approach) ဖက်ဒရယ် အခြေခံ ချဉ်းကပ် မှုဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် သဘောတူခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာပြည်တွင် နှစ်ပေါင်း ၈၀ ခန့် ကိုင်စွဲကျင့်သုံးလာ သည့် တစ်ပြည်ထောင် ဗဟိုချုပ်ကိုင်မှုစနစ်နှင့် စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေပြီး ကိုယ်စားပြုမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုအားကောင်းသည့် (Bottom- up Federalism Approach) စနစ်ပြောင်း နိုင်ငံသစ် တည်ဆောက်သွားမည်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ အဓိက ပြည်နယ်တွေ၊ ဖက်ဒရယ် ယူနစ်တွေက အဓိကကျတယ် လို့ ကျနော်တို့ နားလည်တယ်။ အနာဂတ်မှာလည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောထားတာကိုး။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ပြီဆိုလို့ရှိရင် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုက အလိုအလျောက်ရှိလာတာမဟုတ်ဘူး။ ပြည်နယ်တွေ၊ဖက်ဒရယ်ယူနစ်တွေ ပေါင်းစည်းပြီးတော့မှ ပြည်ထောင်စုက ဖြစ်လာမှာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ဒီနေ့မြန်မာ့ နိုင်ငံ ရေး အခင်းအကျင်းကို ပြည်နယ်တွေ၊ လူမျိုးတွေ၊ ဖက်ဒရယ်ယူနစ်ကို ကိုယ်စားပြုတဲ့အစုအဖွဲ့က စုစည်းဖို့လိုတယ်လို့ နားလည်တယ်။” ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (Multi Ethnic Councils- MEC) ၏ တာဝန်ခံ ဦးအောင်ဆန်းမြင့်က ပြောကြားသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ၄င်းတို့လိုချင်သော ရွေးကောက်ပွဲရလဒ်ကို ပုံဖေါ်ရယူနိုင်ရေးအတွက် တရား မဝင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုမူဆောင်ရွက်ခြင်းသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN)၏ ဘုံသဘော တူညီ ချက် ၅ ရပ်နှင့် ပြောင်ပြောင်တင်းတင်း ဆန့်ကျင် နေသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည် သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်လည်း ဆန့်ကျင်လျက်ရှိကြောင်း အသိပေးထားသည်။
“အဲဒီအတွက်ကြောင့် ပေါင်းပြီးတော့မှ အခုအလုပ်တွေ အတူ တူလုပ်နေတယ်။ နောက်ပြီးတော့ အသွင်ပြောင်းကာလအတွက် အခြေခံမူတွေကို အတူတကွ လေ့လာနေကြတာပေါ့၊ အဲလိုလုပ် ရင်း နဲ့ပဲ ဒီနေ့ စစ်ကော်မရှင် ကလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ စပြီး တော့ အပိုင်းလိုက်ရွေး ကောက်ပွဲတွေ လုပ်မယ်ဆိုတဲ့ အပေါ်မှာ ဒီရဲ့ ရွေးကောက်ပွဲကတော့ ဘယ်လိုမှ လူထုရဲ့ဆန္ဒကိုလည်း အခြေခံမှာမဟုတ်သလို ဒီရွေး ကောက်ပွဲ ကနေမှ မြန်မာ့နိုင်ငံရေး ပြသနာအခက်အခဲတွေ ဖြေရှင်းနိုင် မှာ မဟုတ်ပဲနဲ့ စစ်အာဏာရှင် သက်ဆိုး ရှည်ဖို့ကိုပဲ လုပ်တဲ့ နိုင်ငံရေးထွက်ပေါက်ရွေးကောက်ပွဲလို့ပဲ သတ်မှတ်တယ်။” ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (Multi Ethnic Councils- MEC) ၏ တာ ဝန်ခံ ဦးအောင်ဆန်းမြင့်က ပြောကြားသည်။
အကြမ်းဖက်စစ်တပ်မှ ၄င်းတို့ ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါ ပြဌာန်းချက်များကို ချိုးဖေါက်၍ ၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာ သိမ်းခဲ့ခြင်းပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပျက်ပြယ်ပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ အကြမ်းဖက်စစ်တပ် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် အခွင့်အာဏာမရှိကြောင်း၊ ထို့ ကြောင့် ၄င်းတို့၏ နိုင်ငံရေးထွက်ပေါက် အနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်အား ချိုးဖေါက်ပြီး ပြည်သူလူထု၏ နိုင်ငံရေးစိတ် ဆန္ဒအားဆန့်ကျင်၍ အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒါကလည်း အရှင်းကြီး ပါ၊ အခုဆိုရင် စစ်ဗိုလ် ချုပ်တွေက ကြံ့ဖွတ်ပါတီထဲမှာ အကုန်လုံးအများကြီး ပြောင်းနေကြပြီဖြစ်တယ်။ ဝင်ရောက်အရွေး ခံဖို့အတွက်။ အခုက ၂၀၀၈ အခြေခံဥပဒေအရဆိုရင် လည်း ပျက်ပြသွားပြီး ဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ဒါကတော့ ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး ဆို တာကို စုပေါင်းပြီးတော့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်၊ စုပေါင်းပြီးတော့မှ အတူတကွပဲ ရေးပြီး တော့ ထုတ်ပြန်တာဖြစ်ပါတယ်။” ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (Multi Ethnic Councils- MEC) ၏ တာဝန်ခံ ဦးအောင်ဆန်းမြင့်က ပြောကြားသည်။
၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေ ရန် ရည်ရွယ်၍ လုပ်ဆောင်သောအတုအယောင် ရွေးကောက်ပွဲရလဒ်များသည် တိုင်းရင်းသား တော် လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများ လိုလားသည့် ပြည်နယ်အားကောင်း ရေးမှသည် ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်ချဉ်းကပ်မှု (Bottom-Up Federalism Approach) အရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်သည့်အပြင် မြန်မာ့ နိုင်ငံ ရေး ပဋိပက္ခကို ရေရှည်ဖြစ်ပေါ်စေပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရန် ပိုမိုခက်ခဲလာစေမည်ဖြစ်ကြောင်း အသိပေးထားသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများအနေဖြင့် ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ် ချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းထားသည်နှင့်အညီ အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ်(Transitional Federal Democra Government- TFDG) ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အခြေခံ ဥပဒေ (Articles of Federal Transitional Arrangement – AFTA) ရေးဆွဲရေး လုပ်ငန်းများကို အစဉ် တစိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးဖက်ဒရယ်ချဉ်းကပ်မှု အခြေခံမူ ဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင်(ရွေးကောက်ခံ) ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် သက် ဆိုင်ရာအင်အားစုအားလုံးပေါင်းစပ်ညှိနှိုင်းလျက် မဏ္ဍိုင်ကြီး ၃ ရပ်အား တည်ဆောက်၍ လက်တွေ့ ကျင့်သုံးနေကြပြီဖြစ်ကြောင်း သိရသည်။
ထို့အတွက်ကြောင့် အကြမ်းဖက်စစ်တပ်၏ တရားမဝင်ကျင်းပပြုလုပ်သွားမည့် အတုအယောင် ရွေး ကောက်ပွဲအား တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်း များအနေ ဖြင့် နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်သကဲ့သို့ နိုင်ငံတကာမှလည်း အသိအမှတ်ပြုခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်တိုက်တွန်းသည်။ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လက်ရှိတော်လှန်ရေး အင်အားစုများ အ ကောင် အထည်ဖေါ်ဆောင်ရွက်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ( Bottom- Up Federalism Approach) ချဉ်းကပ်မှု အခြေခံဖြင့် ဖက်ဒရယ် တည်ဆောက်ရေး လုပ် ငန်းစဉ် များအား နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြု ထောက်ခံရန် တိုက်တွန်းထုတ်ပြန်ထား သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ၊ ကရင်အမျိုးသား အ စည်းအရုံး – KNU ၊ ချင်းအမျိုးသားတပ်ဦး – CNF ၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) ၊ တအာင်းပြည်ကောင်စီ – TLC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ၊ မွန် ပြည်နယ်ဖက်ဒရယ်ကောင်စီ – MSFC ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ – KSCC ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၊ လားဟူဒီမိုကရေတစ်အစည်းအရုံး – LDU ၊ စစ်ကိုင်းဖက်ဒရယ် ယူ နစ် တော်လှန်ရေးအင်အားစုများ နှင့် မန္တလေးနိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) တို့ ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media