သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။
ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟို ကော်မတီ၏ ကြားကာလဆဌမအကြိမ် အစည်းအဝေးကို Zoom မှတဆင့် ကျင်းပခဲ့ပြီး လုပ်ငန်းစဉ် များ ထုတ်ပြန်ရာတွင် ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
အာဏာလုအကြမ်းဖက်စစ်ကောင်စီ/ကော်မရှင်က ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေး ကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည် ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန်၊ ရွေးကောက်ပွဲကျင်းပရေး ဆိုင်ရာ လုပ်ငန်းစဥ်တိုင်းကို ကန့်ကွက်တားဆီး ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်း ရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သောတွေ့ဆုံဆွေးနွေးမှု များသည် ပြေလည်မှုမရရှိနိုင်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို လုပ်ဆောင် နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်ရန် ဆက်လက်တိုက်တွန်းထားသည်။
အလားတူ သတင်းစီးဆင်းမှုများမြန်ဆန် ချောမွေ့စေရေးအတွက် တိုင်းနှင့်ပြည်နယ် အလိုက် သ တင်းပြန်ကြားရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခြင်း (သို့) ယာယီ ပြင်ဆင်ဖွဲ့စည်း ခြင်းကို ဗဟိုပြန်ကြား ရေး ကော်မတီ (သို့) သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့၏ ကြီးကြပ်တာဝန်ခံမှုဖြင့် ဖွဲ့စည်းသက်ဝင် ဆောင်ရွက်ရန် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် ၁ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂ ဦး၊ အရံဗဟို အလုပ်အမှု့ဆောင် ၄ ဦး၊ ဗဟိုကော်မတီဝင် ၃၆ ဦး၊ အရန်ဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၅ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၄ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အ ဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြု စာတမ်းများကို တင်ပြဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် ၉ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ် နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Thanlwin Myanmar Media