စစ်အနိုင်တိုက်ရေးကို ရှေးရှု၍ “မူ” အပေါ်အခြေပြုသည့် သွေးစည်းညီညွတ်ရေးနှင့် ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးပါရန် တိုက်တွန်း

စစ်အနိုင်တိုက်ရေးကို ရှေးရှု၍ “မူ” အပေါ်အခြေပြုသည့် သွေးစည်းညီညွတ်ရေးနှင့် ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးပါရန် တိုက်တွန်း

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၈

စစ်အနိုင်တိုက်ရေးကို ရှေးရှု၍ “မူ” အပေါ်အခြေပြုသည့် သွေးစည်းညီညွတ်ရေးနှင့် ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးပါရန် တိုက်တွန်း ထားသည်။

ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ၃၇ နှစ်မြောက် ဒီမိုကရေစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် (SRIN) နှင့် နွေဦးတော်လှန်ရေး သံဃကွန်ရက် (SRSN) တို့က ပူးတွဲကြေညာချက်တွင် ထည့်သွင်းကာ တိုက်တွန်းထားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူလူထု၏ ဆန္ဒ၊မျှော်လင့်ချက်များနှင့် အတူ နွေ ဦးတော်လှန်ရေး အောင်မြင်ရန်အတွက် အရေးတကြီး လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေး အပါ အဝင် စစ်အနိုင်တိုက်ရေးကို ရှေးရှု၍ “မူ”အပေါ်မှာ အခြေပြုသော သွေးစည်းညီညွတ်ရေးနှင့် ဗျူဟာ မြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို လက်တွေ့ကျကျ တာဝန်ယူတာဝန်ခံမှုများ နှင့်အတူ အလေးထား ဆောင်ရွက်ပါရန် တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူများနှင့် အရေးတော်ပုံတပ်သားများ၏ ပေးဆပ်‌နေရမှုများအား စတေးခံသက်သက် အချည်း နှီးမဖြစ်စေဘဲ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ CRPH ၊ NUCC ၊ NLD နှင့် နိုင်ငံ ရေး ပါတီများအပါအဝင် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ (EROs) နှင့် အခြားသောမိတ် ဖက် တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုသွေးစည်းညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ပွဲဝင်ကြရန် ဆက်လက် တောင်းဆိုထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လည်း ပြည်သူလူထု၏ နိုင်ငံရေးမျှော်ရည်ချက်များကို အလေးထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံး ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံရေးနှင့်သံတမန်ရေးအရ အားပေးထောက်ခံမှုများနှင့် အတူ စိတ် ဓာတ်ရေးရာအကူအညီများကိုသာမက ရုပ်ပိုင်းဆိုင်ရာ အကူအညီများဖြင့်ပါ အမြန်ဆုံး ပိုတိုးဆောင် ရွက် ပေးပါရန် တောင်းဆိုထားသည်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်(SRIN) နှင့် နွေဦးတော်လှန်ရေး သံဃကွန်ရက် (SRSN) အဖွဲ့များအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ တော်လှန်တိုက်ပွဲဝင်နေကြသော စုံလင် ကွဲ ပြားသည့် လူမျိုးစုံ ဘာသာစုံ အင်အားစုများကို အခိုင်အမာ အားပေးထောက်ခံ၍ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...