Political News

Political News

၄ နှစ်သား KNDF တပ်ဖွဲ့က ကရင်နီဒေသအတွင်း စစ်တပ်စခန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက် ခိုက်နိုင်ခဲ့သည့်အပြင် ကရင်နီလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိ ထားမှု အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ ချီးကျူးဂုဏ်ပြု

 

သံလွင်မြန်မာသတင်း

မေလ ၃၁

 

၄ နှစ်သား KNDF တပ်ဖွဲ့က ကရင်နီဒေသအတွင်းရှိ စစ်တပ်စခန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက် နိုင်ခဲ့သည့်အပြင် ကရင်နီလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားမှု အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ ချီးကျူးဂုဏ်ပြုထားကြောင်း သိရသည်။

 

ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျရောက်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်း ထူထောင်ခြင်း ၄ နှစ်ပြည့်နေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောဆို ကာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဂုဏ်ထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံ့အာဏာကို အ တင်း အဓမ္မ သိမ်းယူလိုက်သည့် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းမှ ဗမာတိုင်းရင်းသားများအပါ အဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ရန်အပြင် မိမိလူမျိုး၊ မိမိဒေသ နှင့် နယ်မြေများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဒေသကာကွယ်ရေး တပ်များကို အသီးသီးဖွဲ့စည်းကာ မတရားသဖြင့် အာဏာသိမ်းထားသော စစ်ကောင်စီအား ရရာ လက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ် တော်လှန်စစ်ကို ဆင်နွှဲလာခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ခုခံကာကွယ်တော်လှန်စစ်ဆင်နွှဲလာခဲ့သည်မှ ယခုဆိုလျှင် လေးနှစ်ကျော်ကာလကို ရောက်ရှိ လာခဲ့ပြီဖြစ်ပြီး တော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့တို့မှာ တော်လှန်ရေးအတွင်း မရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်မှ လွင့်စဉ်သွားခဲ့ကြရ အဖွဲ့အစည်းများလည်းရှိကြောင်း သိရသည်။

အလားတူ အချို့သောအဖွဲ့အစည်းများမှာ စစ်အာဏာရှင်တို့အား နောက်မဆုတ်စတမ်း ကြံ့ကြံ့ခံ သော စိတ်ဓာတ်များဖြင့် ဆက်လက်တွန်းလှန် တိုက်ခိုက်နေကြဆဲဖြစ်ပြီး ထိုအထဲတွင် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းထူထောင်ခဲ့သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) သည် ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်လှမ်းလာခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ဆိုလျှင် လေးနှစ်သားအရွယ်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်သည် ကရင်နီလူမျိုးများနှင့် ၎င်းတို့၏ဒေသအတွင်းရှိ ပြည်သူ လူထု တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားတန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချနိုင်ရေးတို့အတွက် ကရင်နီလူမျိုးများဖြင့်စုဖွဲ့ကာ တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

 

လေးနှစ်တာကာလ အတွင်း တော်လှန်ရေးလောကဓံ အခက်အခဲ များကို ကရင်နီပြည်သူလူထု တစ်ရပ်လုံးနှင့်လက်တွဲပြီး ခါးစည်းရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး ကရင်နီအမျိုးသားကာကွယ်ရေး တပ်သည်လည်း တက်ကြွဖျတ်လတ်သော လူငယ်မျိုးဆက်သစ်များဖြင့် စုဖွဲ့မှုကောင်းစွာ တိုက်ပွဲ ဝင်လျက်ရှိသည်ဟု ဆိုသည်။

 

ကရင်နီဒေသအတွင်း စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည့်အပြင် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ထိုက်တန်သော အောင်မြင်မှုနှင့်အတူ ကရင်နီလူမျိုးများ၏ ဘိုး ဘွား ပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားသည်။

 

လေးနှစ်တာတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ဘဝများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရ သော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုတိုင်း ကို လေးနက်စွာ ဂုဏ်ပြုပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF မှ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုး ကန့်၊ တအာင်း နှင့် ရက္ခိုင် အဖွဲ့အစည်းများက သဝဏ်လွှာပေးပို့ကာချီးမြှင့်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

စစ်ကောင်စီက သွေးအေး၊ သွေးကြောင်၊ သွေးကွဲ စသည့် စည်း ၃ စည်းဖြင့် တော်လှန်ရေး အရှိန်ကို လျော့ချခဲ့ပြီး နောက်ဆုံးကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု အမှတ် ၂ စစ်ဆင် ရေးမှူး ရဲဘော်တင်ဦးက ပြောဆို   သံလွင်မြန်မာသတင်း ဇွန်လ ၂...