စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် KNDF တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြော
သံလွင်မြန်မာသတင်း
မေလ ၃၁
စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် KNDF တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောကြားသည်။
ယနေ့မေလ ၃၁ ရက်နေ့တွင် ကျရောက်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တည် ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ် သည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကောင်းများတည်ရှိသည့် အားလျော်စွာ စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်မည့် အဆုံးအဖြတ် တိုက်ပွဲများတွင် ဟန်ချက်ညီညီ လက်တွဲတိုက်ပွဲဝင်သွား ရန် အသင့်ရှိပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ပြောဆိုထားခြင်းဖြစ်သည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)သည် အမျိုးသားတန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီရေးတို့အတွက် တပ်ရင်း (၃၅) ရင်း နှင့် ဗျူဟာ (၉) ခုဖွဲ့စည်းကာ အ သက်၊ သွေး၊ချွေးတို့ကို စတေး၍ တစိုက်မတ်မတ် တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း သိရ သည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ ဦးဆောင်သူများ ၊ တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ် ပေး ဆပ်၍ ရရှိလာသော နိုင်ငံရေး ၊ စစ်ရေးအောင်မြင်မှုများသည် ကရင်နီပြည်နယ်၊ ကရင်နီလူထု အတွက် သာမက နွေဦးတော်လှန်ရေးတခုလုံး အတွက်ပါ အလွန်အရေးပါသော သမိုင်းမှတ်တိုင်များ ပင် ဖြစ်ကြောင်း အသိပေးထားသည်။
ကရင်နီပြည်နယ်နှင့်ကရင်နီလူထုမှ မျှော်လင့်တောင့်တနေသော နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များ ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ အမြန်ဆုံး ဆောင်ကျဉ်းပေးနိုင်ပါစေကြောင်းနှင့် ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျရောက်သော (၄) နှစ်ပြည့် တပ်တည်ထောင်ခြင်းအခမ်းအနားမှ သည် နောင်နှစ်ပေါင်းများစွာတိုင် ကရင်နီလူထု ကို အလုပ်အကျွေးပြုနိုင်သော အဖွဲ့အစည်းအဖြစ် အဓွန့်ရှည် တည့်တံ့ပါစေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆုတောင်းပေး ထားသည်။
Thanlwin Myanmar Media