အများပိုင်အိမ်ခြံမြေအသင်း – MRESA ဥက္ကဌ မို့မို့အောင်က အသင်းပိုင်ငွေ သိန်းပေါင်း ၇၈၀၀ ကျော် ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ပံ့ပိုးနေ
သံလွင်မြန်မာသတင်း
မေလ ၂၀
အများပိုင်အိမ်ခြံမြေအသင်း -MRESA ဥက္ကဌ မို့မို့အောင်က အသင်းပိုင်ငွေ သိန်း ၇၈၀၀ ကျော်ကို အ လွဲသုံးစားလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ပံ့ပိုးကူညီပေးနေကြောင်း MRESA အိမ်ခြံ မြေအသင်း သားများထံမှ သိရသည်။
MRESA အိမ်ခြံမြေအသင်း၏ လက်ရှိ ဥက္ကဋ္ဌရာထူးအား ရယူထားသောမို့မို့အောင်သည် အသင်းသူ၊ အသင်းသား တစ်ဦးလျှင် အသင်းဝင်ကြေး တစ်သိန်းနှစ်သောင်း – ၁၂၀၀၀၀ ကျပ်နှုန်းကောက်ခံရာ စုစုပေါင်း အသင်းသား ၆၅၀၀ ဦးရှိသဖြင့် ကျပ်သိန်းပေါင်း ၇၈၀၀ ရှိကြောင်း၊ အဆိုပါ ငွေကျပ် သိန်း ပေါင်း ၇၈၀၀ ကို Night Club တက်ခြင်း၊ Bar ထိုင်ခြင်း၊ ဖဲဝိုင်းထောင် ဖဲ ကစားခြင်း ၊ စစ်ကောင်စီ ဌာနဆိုင်ရာ မည်သူမျှ အသိမပေးပဲ လှူဒါန်းခြင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ကလည်း ကလော စစ်ကောင်စီတပ်အား ငွေကျပ် သိန်း ၈၀ နှင့် ပစ္စည်းများ ထောက်ပံ့ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိ ရသည်။
“၈ တန်းအထိပဲ ကျောင်းတက်ခဲ့ရတဲ့သူက မြန်မာစာနဲ့ဘွဲ့ရတယ်ဆိုပြီး အသင်းသူ၊ အသင်းသား တွေပေါ်လိမ်ထားတယ်။ အသင်းပိုင်ငွေကျပ်သိန်းပေါင်း ၇၈၀၀ ကို ဘယ်သူ့မှ အသိမပေးပဲ သူ့စိတ် ကြိုက်သုံးနေတာ၊ သူ့အကြောင်းသိလို့ ထောက်ပြပြောဆိုတဲ့အသင်းသားတွေကို ရာထူးနေရာမ မပေးဘူး။ သူပြောသမျှ လက်ညှိုးထောင်ခေါင်းငြိမ့်၊ အကြံတူ၊ အကျင့်တူတဲ့သူတွေကို နေရာပေး ထားတာပါ၊ ဘဏ္ဘာရေးမှူးကိုလည်း သူပြောသမျှနားထောင်မယ့်သူ၊ သူ့စိတ်ကြိုက်ရွေးပြီးခန့်ထား တာ။ ဘဏ္ဘာရေးမှူးနဲ့ ပေါင်းပြီး အသင်းပိုင် ပိုက်ဆံတွေကို အလွဲသုံးစားလုပ်နေတာ၊” ဟုMRESA အိမ်ခြံမြေအသင်းသားတစ်ဦးက ပြောကြားသည်။
ထို့သို့ လုပ်ဆောင်နေမှုများအား ထောက်ပြသော အလုပ်အမှုဆောင် ၅ ဦးကိုလည်း အပြစ်မရှိ အ ပြစ်ရှာကာ ဖိအားပေးနှုတ်ထွက်ခိုင်းသဖြင့် နှုတ်ထွက်သွားရကြောင်း၊ အသင်း၏ ဝန်ထမ်း တစ်ဦး ကိုလည်း အသင်းပိုင် ဘဏ္ဘာငွေ သုံးစွဲမှု သတင်းပေါက်ကြားသည်ဟုဆိုကာ အလုပ်အမှုဆောင် အစည်းခေါ်ယူဆုံးဖြတ်ခြင်းမရှိပဲ ဘဏ္ဘာရေးမှူးနှင့်ပေါင်းကာ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
“သူ့အကြောင်း သူ့စရိုက်၊ သိသွားလို့ ထောက်ပြတဲ့ အလုပ်အမှုဆောင်တွေကိုလည်း အပြစ်မရှိ အပြစ်ရှာပြီး ထွက်ချင်ထွက်နိုင်တယ်လို့ ဖိအားပေးတယ်၊ မထွက်တဲ့သူတွေကို လူမှုရေးတွေနဲ့ ရောထွေးပြီး ဖိအားပေးတဲ့အတွက် အလုပ်အမှုဆောင် ၅ ဦးလည်း အသင်းကနေ တရားဝင် နှုတ် ထွက်သွားပြီ၊ ဘယ်မှလည်း တိုင်လို့မရဘူး။ အသင်းသူ၊ အသင်းသားတွေကြားမှာလည်း သို့လော သို့လောနဲ့ ဘယ်သူမှ ထုတ်မပြောရဲပဲ နှုတ်ဆိတ်နေနေကြတယ်” ဟု MRESA အိမ်ခြံမြေအသင်းသား တစ်ဦးက ပြောဆိုသည်။
MRESA အိမ်ခြံမြေအသင်း၏ ဥက္ကဌ မို့မို့အောင်သည် ၎င်းနှင့်အကြံတူ၊ အကျင့်တူသူ အသင်းအလုပ် အမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့် ပူးပေါင်းကာ အသင်း၏ထိပ်ပိုင်းခေါင်းဆောင်နေရာ များကို စစ်တပ်အငြိမ်းစားအရာရှိများ၊ ၎င်းနှင့်လူမျိုးတူ တရုတ်လူမျိုးများကိုသာ နေရာပေးထားပြီး စစ်ကောင်စီတပ်အတွက် အကြီးစားထောက်တိုင်အဖြစ် ရပ်တည်လုပ်ကိုင်နေကြောင်း သိရသည်။
Thanlwin Myanmar Media