ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို NUG နှင့် NUCC ပူးပေါင်းတိုက်တွန်း
သံလွင်မြန်မာသတင်း
မေလ ၁၁
ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို NUG နှင့် NUCC က ယမန်နေ့ မေလ ၁၀ ရက်နေ့က ပူးတွဲထုတ်ပြန်က တိုက်တွန်းလိုက်သည်။
ယနေ့ကာလသည် စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းယူရန်ကြိုးစားနေမှု၏ အကျိုးဆက် အဖြစ် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်တို့ အဆိုးဝါးဆုံးအခြေ အနေသို့ ကျရောက်နေသည့် ကာလဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ဒေသ ပေါင်းစုံရှိ ပြည်သူလူထုကြီးသည် ကိုဗစ်ကပ်ရောဂါဘေး၊ ရေကြီးရေလျှံသဘာဝဘေး၊ စစ်ဘေးဒဏ် တို့ကိုလည်း ဒုက္ခကြီးစွာရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်း မတ ရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ် သားစုဆောင်းခြင်း စသည့်အကြမ်းဖက်မှု မျိုးစုံကို ပြည်သူလူထုတရပ်လုံးက နေ့စဉ် မပြတ် ခါးစည်း ခံနေကြရသည့် ကာလဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။
ထိုသို့သော အခြေအနေတွင် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ ဆိုးဝါးပြင်းထန်လှသည့် ရစ်ချက်တာ စကေး (၇.၇) ရှိ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး၏ ဘေးဒဏ်ကိုလည်း တိုင်းဒေသ ၄ ခု နှင့် ပြည် နယ် ၁ ခု တို့မှ (၁၇.၄) သန်းခန့်သော ပြည်သူများ ထပ်ဆောင်း ခံစားနေကြရသော ကာလလည်းဖြစ် ပြီး ဤသို့သော အခြေအနေ၊ အချိန်အခါသည် ရွေးကောက်ပွဲ ကျင်းပသင့်သည့် ကာလမဟုတ်ဆို သည်ကို လူသားစိတ်ရှိသော မည်သူမဆို နားလည်လက်ခံထားကြမည်သာ ဖြစ်ကြောင်း ထောက်ပြ ထားသည်။
သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရေး အတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဟု စစ်ကိုင်းငလျင်ကြီး လှုပ်အပြီးတွင် ထပ်လောင်းပြောကြားသည်ကို အံသြဖွယ် တွေ့ရှိရသည်မှာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ရှင် ပြည်သူတို့၏ ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကို လျစ်လျှူရှုကာ၎င်းတို့၏အတ္တကို ရှေ့ တန်း တင်ထားခြင်းဖြစ်သည်ကို ထင်ရှားနေကြောင်း အသိပေးထားသည်။
ပြည်သူအများစုက တခဲနက်ထောက်ခံထားသော (၂၀၂၀) ရွေးကောက်ပွဲရလဒ်ကို ခိုင်မာသည့် သက် သေပြချက် တစုံတရာမျှမရှိဘဲ ဖျက်သိမ်းကာ မတရားအာဏာသိမ်းယူရန် ကြိုးစားနေသော အကြမ်း ဖက်စစ်အုပ်စုအပေါ် ပြည်သူအများစုက မည်မျှခါးခါးသီးသီး မုန်းတီးလျက်ရှိကြောင်းကို နိုင်ငံရေး ပါတီများ အနေဖြင့်လည်း သိရှိကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲသမိုင်းဖြစ်စဥ်များ နှင့် မသမာမှုမျိုးစုံကိုလည်း မြန်မာပြည်သူ များက အကြိမ်ကြိမ် ခံစားနားလည် သိရှိပြီး ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ် စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါပဲ နောက်ထပ်တရားမဝင် ရွေးကောက်ပွဲဖန်တီးပြု လုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း NUG နှင့် NUCC တို့၏ တိုက်တွန်းချက်တွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ်ကလည်း ပြည်သူများ သိန်းချီသေဆုံးပြီး သန်းနှင့်ချီ ထိခိုက်ခံစားခဲ့ရသည့် နာဂစ်မုန်တိုင်း ကြီး တိုက်ခတ်ပြီး စတွင် ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဥပက္ခာပြုလျက် စစ်တပ်အာဏာရေရှည် တည်တံ့ရေး ရည်ရွယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်း၊ စာရင်းဇယား တိကျမှန်ကန်မှုများမရှိပဲ ပြည်သူ့ဆန္ဒခံယူပွဲ အမည်တပ်ကာ ပြည်သူများ တခဲနက်လက်ခံအတည်ပြု သလို လိမ်ညာလုပ်ဆောင်ခဲ့ဖူးကြောင်း ဆက်လက်ဖော်ပြထားသည်။
ထိုသို့ ပြည်သူ့ဆန္ဒနှင့် ကင်းလွတ်၍ ပေါ်ပေါက်လာသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းစဉ်ကတည်းက ပျက်ပြယ်ပြီးဖြစ်သလို၊ CRPH အပါ အဝင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများကလည်း ဖျက်သိမ်းခဲ့ပြီး ဖြစ်ကြောင်း၊ထိုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်နိုင်ငံရေး လမ်းကြောင်းမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိ နိုင်မည် မဟုတ်ကြောင်း၊ထိုဖွဲ့စည်းပုံဖြင့် ကျင်းပသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿ နာ များ (Political Crisis)ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်လည်း (လုံးဝ) မဟုတ်ကြောင်း အသိပေး ထားသည်။
တော်လှန်ရေးအင်အားစုများ သဘောတူရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ဖြင့် အကောင်အထည်ဖေါ် လုပ်ဆောင် နေသည့် တော်လှန်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစု အသီးသီးနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူလိုလား သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း NUG နှင့် NUCC တို့က ပြောကြားသည်။
စစ်ကိုင်းငလျင်ကြီး၏ သဘာဝဘေးနှင့် လူလုပ်စစ်ဘေးဒဏ်တို့ကြောင့် ပြည်သူ အပေါင်း ဒုက္ခဆင်းရဲ ကြီးစွာ ရောက်နေချိန် ကျင်းပမည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက် ပွဲကို ပြည်သူများကလည်း စိတ်ဝင်စားမည်မဟုတ်ကြောင်း၊ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒ ကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရည်ရွယ်ဆောင်ရွက်သော အကြမ်း ဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသူများအ ဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိကြလိမ့်မည်ဟု ယုံ ကြည်ကြောင်း ဆက်လက်ပြောဆိုသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထု၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုလျက် အကြမ်းဖက်စစ်အုပ်စု၏ အာ ဏာဆက်လက် ချုပ်ကိုင်နိုင်ရေး စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေရေးအတွက် ဟန်ပြပြုလုပ် ကျင်းပမည့် ရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာနှင့် စံနှုန်းများ ပျက်ကွက်ချို့ယွင်းနေသည့် ဂုဏ် သိက္ခာကင်းမဲ့လှသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန်အတွက် NUCC နှင့် NUG တို့က ထုတ် ပြန်တိုက်တွန်းထားသည်။
Thanlwin Myanmar Media