ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စကစကို လုံးဝပျက်သုံးသွားသည်အထိ ချေမှုန်း သုတ်သင်သွားမည်(ရုပ်သံ)
သံလွင်မြန်မာသတင်း
မေလ ၁၀
အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို လုံးဝပျက်သုံးသွား သည်အထိ ချေမှုန်းသုတ်သင်သွားမည်ဖြစ်ကြောင်း TRI ဗျူဟာမှူး ကိုနွယ်နီက ပြောကြားသည်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်ကောင်စီတပ်၏ လေကြောင်း တိုက် ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားရာတွင် ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ရှိတဲ့နေရာကိုပဲ တည့်တည့်ချပါ။ ကျနော်တို့က ကိစ္စမရှိဘူး။ ကျနော်တို့က အစောကြီးက တည်းက သေဖို့ရွေးချယ်ထားပြီးသားပဲ။ အခုလို အရပ်သားတွေ အစုလိုက်အပြုံလိုက်သေကြေ ပျက်စီးဖို့ ညွှန်ကြားလာတဲ့ အမိန့်တွေလည်းမနာခံဖို့ဆိုတာ ကျနော်တို့ စစ်သားကောင်းတွေ သိသင့် သိထိုက်တဲ့အချက်တွေကို စစ်ကောင်စီရဲ့တပ်သားတွေလည်း သိရမယ်။ ဆိုတော့ မလုပ်သင့်မလုပ် ထိုက်တာတွေမလုပ်ဖို့နဲ့ ဒီလိုအရပ်သားပြည်သူတွေ အများကြီး ထိခိုက်သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုဉ်းသွားတဲ့အထိ ကျနော်တို့ ချေမှုန်းမယ်၊ သုတ်သင်မယ်။ ပြီးတော့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်ဆွဲပြီး ခေါ်တဲ့အဆင့်အထိရောက် အောင်ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေး၊ သတိပေးချင်တယ်” ဟု TRI ဗျူဟာမှူး ကိုနွယ်နီက ပြောကြားသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများအတွင်း စစ်ကောင်စီ၏ အရပ်သား ပြည်သူ များကို ပြစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း၊ စစ်အာ ဏာရှင် စနစ်၏ လက်အောက်ခံ တပ်များသည် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ရက် စက်စွာ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းအား စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ၎င်းတို့၏ လူမဆန်သော ရက်စက်မှုများအတွက် တာဝန်ယူစေရမည်ဖြစ်ကြောင်း သတိပေးပြော ကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာအနေဖြင့် ပြည်သူများ၏ ဘဝလုံခြုံရေး အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media