Political News

Political News

ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်အပါအဝင် အချက် ၅ ချက်ကို လိုက် နာဆောင်ရွက်ပေးရန် လက်နက်ကိုင်အဖွဲ့အစည်းများကို 7 EAO Alliance အဆိုပြု

 

သံလွင်မြန်မာသတင်း

မေလ ၆

 

ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်အပါအဝင် အချက် ၅ ချက်ကို လိုက် နာဆောင်ရွက်ပေးရန် လက်နက်ကိုင်အဖွဲ့အစည်းများကို 7 EAO Alliance အဆိုပြုထားသည်။

 

ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော 7 EAO Alliance (၄/၂၀၂၅) ဦးဆောင်အဖွဲ့အ စည်းအဝေးတွင် လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေးအကြပ် အတည်း ကို ကျော်လွှားနိုင် ရေးအတွက် 7 EAOများ က ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအစီ အစဥ် ကို ပြန်လည်ပြီး သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်း ညွှန်သဘောထားများ ကို ချမှတ်နိုင်ခဲ့ခြင်းကြောင်း သိရသည်။

7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာ ပဋိ ပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ် ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူများ အကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်သည်။

 

ယင်းအစည်းအဝေးသို့ 7 EAO Alliance ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားသူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို NUG နှင့် NUCC ပူးပေါင်းတိုက်တွန်း   သံလွင်မြန်မာသတင်း မေလ ၁၁   ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို...