Political News

Political News

ငလျင်ကယ်ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းများ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသောကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မေလ ၂

 

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူ သားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက် သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ယမန်နေ့မေလ ၁ ရက်ညပိုင်းက ထုတ်ပြန်သည်။

 

မေလ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၏ စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်(ခ) တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းမြေငလျင်နှင့်အတူ နောက်ဆက်တွဲလှုပ်ခဲ့သော မြေငလျင်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ အ တွင်းရှိ နေရာအနှံ့အပြားတို့၌ ပျက်စီးဆုံးရှုံးသွားသော လူနေတိုက်တာအဆောက်အအုံများ၊ သာသ နိက အဆောက်အအုံများနှင့် သမိုင်းဝင် အမွေအနှစ်များကို ရှင်းလင်းဖယ်ရှားရန်နှင့် ငလျင်အပျက်အ စီး အဆောက်အအုံများအကြား အသက်ရှင် ကျန်ရစ်နေသော လူနှင့်အိမ်မွေး တိရစ္ဆာန်များကို ရှာဖွေ ကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်စဲရေး ကြေညာချက်ထုတ်ပြန်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားခဲ့ကြောင်း သိရသည်။

ထို့သို့ ထိုးစစ်ဆင်မှုရပ်နားခဲ့ပြီး ကြေညာသည့်ရက် ကုန်ဆုံးသွားသော်လည်း အဆိုပါအင်အားပြင်း ငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ထိ ခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ (၁) လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင် ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

 

ထို့ကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်း များနှင့် ဆက်စပ်သောလုပ်ငန်းများ ဆက်လက်ဆောင် ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ နောက်ထပ် (၁) လ သက်တမ်း တိုးလိုက်ပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုထုတ်ပြန်ျခက် ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှ လွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၁၉   ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။   ယနေ့မေလ ၁၉ ရက်...