Political News

Political News

ပင်လုံစိတ်ဓာတ်ကို အခြေမခံပဲ စစ်အာဏာရှင်စနစ်ကို အခြေခံတည်ဆောက်ခဲ့သဖြင့် ပြည်တွင်း စစ်ဖြစ်ခဲ့ရကြောင်း PNFC ဥက္ကဌ ခွန်မြင့်ထွန်းပြော

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

ပင်လုံစိတ်ဓာတ်ကို အခြေမခံပဲ စစ်အာဏာရှင်စနစ်ကို အခြေခံတည်ဆောက်ခဲ့သဖြင့် ပြည်တွင်း စစ်ဖြစ်ခဲ့ရကြောင်း PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်း အမှတ် အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အဓိကကတော့ ပင်လုံစာချုပ်နဲ့အတူ စစ်မှန်တဲ့ပြည်ထောင်စုကို မထူထောင်နိုင်ခဲ့တဲ့အတွက် ဒီလို ပြောင်းလဲသတ်မှတ်ပြီးတော့ ကျင်းပခဲ့တာဖြစ်တယ်၊လွန်ခဲ့တဲ့ ၇၈ နှစ်အမျိုးသားခေါင်း ဆောင်ကြီး တွေက လွတ်လပ်ရေးကို အတူတကွရရယ်ခဲ့ကြပါတယ်၊ ဒါပေမယ့်လို့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိက ဝတ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မတည်ဆောက်နိုင်ခဲ့ကြဘူး၊ တကယ်တော့လွတ် လပ်ရေးရဲ့ဖွား ဖက်တော်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ရမှာဖြစ်ပါတယ်၊ ဒါပေမယ့်လို့ အပြန်အလှန်ယုံကြည် မှုတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ပင်လုံစိတ်ဓါတ်ကို အခြေ မခံ တော့ဘဲနဲ့ လူမျိုးတမျိုး၊ လူတစုတစ်ဖွဲ့ တစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးတော့ လူမျိုးတမျိုး တစု တစ်ဖွဲ့ကောင်းစားရေးကိုအခြခံတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကိုအခြေခံပြီးတော့ တပြည်ထောင်စနစ်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် လွတ်လက်ရေးရဲ့ ဖွားဖက်တော်ပြည်ထောင်စုမဖြစ်ခဲ့ဘဲ ပြည်တွင်း စစ်ဖြစ်ခဲ့ရ တာဖြစ်တယ်” ဟု ၎င်းက ပြောကြား သည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ခြင်းနှင့် အတူ ပင်လုံစာချုပ်နှင့် ကတိကဝတ်များ လျစ်လျူရှု ပစ်ပယ်ခံခဲ့ကာ အစိုးရအဖြစ်တက်လာသူများက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတော့ကြောင်း ထောက် ပြထားသည်။

 

ယနေ့အချိန်တွင် တောင်တန်းမြေပြန့်ဒေသအသီးသီးရှိ ပြည်သူလူထု တစ်ရပ်လုံးက ပင်လုံစာချုပ်၏ အနှစ်သာရကို ပိတ်ပင်တားဆီး ဖျက်ဆီးနေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် အတူတကွ လက်တွဲတော်လှန်နေပြီဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

 

သမိုင်းတလျှောက်တော်လှန်ရေးကြီးတွင် အကြီးကျယ်ဆုံး သော တော်လှန်ရေးဖြစ်ပြီး ပင်လုံ၏ အနှစ်သာရကို အခြေခံ၍ ပြည်ထောင်စု ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အကောင်းဆုံးအခွင့် အလမ်းရရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးအင်အားစုအားလုံး စည်းလုံးညီညွတ်စွာဖြင့် အမြင့်ဆုံးလွှင့်တင်နိုင်ရန် အရေးကြီးကြောင်း တိုက်တွန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးတိုင်း၊ မြင်းခြံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်ပိန်းပြုလုပ်နေ ကြောင်း  Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။  ...