Political News

Political News

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလ တို့တွေ့ဆုံးပြီး စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလ တို့တွေ့ဆုံးပြီး စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် PIA က ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၂၃ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေး တပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကာ စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ် ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များ အတွက် ပူးပေါင်း ကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) အနေ ဖြင့် တော်လှန်ရေး ကာလအတွင်း လုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့သည့်အပြင် အနာဂတ် ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်း ချက်များနှင့် တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များကို လိုက်နာရန် အတွက် လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေး တပ်တော် သတင်းနှင့် ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတော်လှန်ရေးအဖွဲ့အစည်း ၁၈ ဖွဲ့က ပူးတွဲထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန်...