Poem News

Poem News

ကဗျာ ကဏ္ဍ “အခါတော်”

 

ပျိုးကြဲလက်

 

အခါတော် အမှန်ပေးမကွယ့်

အရေးတော်ပုံ အောင်ရမည်။

 

ပြည့်ကျိန်စာ ဆူးပမာနှောက်လို့

ရောက်လေရာ မသာထပ်

တပ်ပျက်နေပြီ ။

 

တိုက်တိုင်းရှုံးသကွယ့် လက်ရုံးရည်

နှလုံးရည် မရှိဘူး ။

 

သေပန်းပွင့်လို့ မိုက်လုံးထူ

ပြည်သူကို ရန်မူအပ်တဲ့

တပ်ပျောက်နှစ်ဦး ။ ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက်အစောပိုင်း ၂ နာရီ ၂၄ မိနစ်

Photo – ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့်စစ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလက်မခံသဖြင့် နတ်မြစ် အတွင်းမျောပါနေသော အကြမ်းဖက်စစ်သားများ

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...