Poem

Poem

ကဗျာ ကဏ္ဍ “သွေးကြွေး”

 

ပျိုးကြဲလက်

 

စစ်သည်ကောင်းက ၊ စစ်တိုက်ကြလျှင်

ဒါကရန်သူ ၊ ဒါပြည်သူဟု

လူသူခွဲခြား ၊ စစ်မက်ပွား၍

စစ်သားဂုဏ်ရည် ၊ စောင့်ထိန်းသည်။

 

ရန်သူအလား ၊ ပြည်သူများကို

ထောင်လွှားအံတု ၊ စစ်မက်ပြုက

ပြည်မှုလည်းပွေ ၊ ကျင့်ဝတ်သွေ၍

ကြေအောင်သွေးကြွေး ၊ ပေးရမည်။

 

မြို့ဖလန်းမှ ၊ ဝေဘူလနှင့်

ကန့်ဘလူနယ် ၊ မြို့မလယ်၏

ရွာငယ်တစ်သီး ၊ ပဇီကြီးကို

တုန်ဟီးကျယ်စွာ ၊ ဗုံးကြဲရာတွင်

ရွာခံပြည်သူ ၊ သောကထူ၍

ကူရာကယ်မဲ့ ၊ နာကျင်ခဲ့၏ ။

 

ကျောင်းသားသူငယ် ၊ သန္ဓေရွယ်နှင့်

လူငယ်အများ ၊ ပြည့်ခွန်အားကို

ခါးသည်းစွာပါ့ ၊ သတ်ဖြတ်ကြ၍

သားစပြန့်ကြဲ ၊ ခန္ဓာစဲကာ

သေပွဲဝင်ရ ၊ လူ့ဘဝသည်

အလှဘယ်မှာ ၊ ရှိပါအံ့နည်း။

 

ပြည်သူကမွေး ၊ တော်လှန်သွေးတို့

စစ်ခွေးဟောင်ဖွာ ၊ ရန်တုလာ၍

ယုတ်မာသိမ်ဖျင်း ၊ လေတပ်တွင်းမှ

အချင်းဉာဏ်မွဲ ၊ လေသူရဲကို

သေပွဲဝင်အောင် ၊ တိုက်စစ်ဆောင်ဟေ့။

 

ဘယ်နေ့ဘယ်ပုံ ၊ ဘယ်သို့ဆုံစေ

ကြုံလာမနှေး ၊ သည်စစ်ခွေးကို

အပြေးလိုက်ကာ ၊ သုတ်သင်ပါလော့

တွေ့ရာသင်္ချိုင်း ၊ ဓားမဆိုင်းဘဲ

ပိုင်းပိုင်းခုတ်ထစ် ၊ ချေမှုန်းပစ်ဟေ့ ။  ။

 

ပျိုးကြဲလက်

 

ရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် ည ၉ နာရီ ၁၂ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “လက်တွဲဖော်”

ကဗျာကဏ္ဍ “လက်တွဲဖော်”

ခွန်းနီ (ပခုက္ကူ) ပျောက်နေတဲ့နံရိုးတစ်ချောင်းကို စစ်ထဲမှာ လာတွေ့တယ် ချစ်လိုက်ရတာ မာရီနာရယ်။ ဘဝရော အသက်ရော ထပ်လို့ အချစ်ကို စစ်ထံ အပ်ခဲ့ကြပြီး တစ်နေ့ လက်ထပ်ကြမယ်တဲ့။ အခုတော့ ကြည်နူးနေချိန်ထက် ကျည်ဖူးဝေချိန်က ပိုများလို့ ကျန်နေ​သေးတဲ့ နံရိုးတွေကို ပြန်စမ်းနေရ။ တူးခါးနေအောင်မုန်းတဲ့ စစ်ထဲ ရူးသွားအောင်...