Poem

Poem

ကဗျာ ကဏ္ဍ “ပြည်သူ့ ရန်သူ တို့ရန်သူ”

 

ပျိုးကြဲလက်

 

အမေပြေးတော့်

စစ်ခွေးကြီးကြပ် ၊ မုဒိမ်းတပ်က

ထပ်လျှက်မကွာ ၊ လိုက်၍လာပြီ ။

ဟဲ့ငါ့သမီး ၊ အသက်ကြီး၍

စစ်မီးရှောင်ရာ ၊ အမေ့မှာက

စိတ်ပါသလောက် ၊ ကိုယ်မပေါက်ဘူး ။

 

သမီးလေးသာ ၊ ပြေးနှင့်ပါကွယ်

မီးဇာလည်းကုန် ၊ ဆီလည်းကုန်ပြီ

ချီတုံချတုံ ၊ မငဲ့တုံနှင့် ။

 

ရှေ့မှာချောက်ကမ်း ၊ တစ်ခေါ်လှမ်းက

လွတ်လမ်းမြင်ပြီ ၊ ရဲစိတ်တည်၍

ပွေ့ချီလျှောက်မယ် ၊ အမေရယ် ။

 

ဟိတ်ရပ်ကြစမ်း ၊ သည်တောလမ်းမှာ

အရမ်းနုရွ ၊ ချောနှမနှင့်

စားရကံကြုံ ၊ ငါတို့ဆုံ၍

လုံမပန်းဦး ၊ ခူးရဦးမည် ။

 

ဗိုလ်ကြီးနေဦး ၊ သိပ်မရူးနှင့်

စားဦးစားဖျား ၊ ဗိုလ်ကြီးစားက

ငယ်သားနောက်လိုက် ၊ ပျူတစ်သိုက်ကို

ကိုက်ဖို့အရိုး ၊ ကိုလူဆိုးသိ

အဟိုးအဟိ ၊ အဟိအဟိ ။

 

ဟယ်သေချင်းဆိုး ၊ မသာမျိုးတွေ

ခိုးဆိုးပတ်ရမ်း ၊ မီးတုတ်ထမ်းပြီး

သေလမ်းကိုလှမ်း ၊ တဏှာကမ်းလျှက်

ပရမ်းပတာ ၊ ပြည့်ကျိန်စာနှင့်

သေရွာချက်ချင်း ၊ ဆင်းပါစေ့တော် ။

 

ဖောင်းဖောင်းဒိုင်းဒိုင်း ၊ အုန်းဒိုင်းဝုန်းဂွမ်း

အုန်းဒိုင်းရွှီဖောက် ၊ ပတောက်ပတောက်

ပြေးဟပြေးဟ ၊ နောက်မကျနှင့်

နောက်ကျခြေတောက် ၊ သစ္စာဖောက်ဟ ။

 

စစ်ခွေးသင်္ချိုင်း ၊ စစ်ကိုင်းတိုင်းကွ

တုနှိုင်းမရ ၊ အညာကဟေ့

ဘဝပုံအပ် ၊ ပြည်သူ့တပ်ဟ

တပ်တော်ကမွေး ၊ ပြည်သူ့သွေးကွ ။

ပြည်သူရန်မူ ၊ တို့ရန်သူဟေ့

တို့ရန်သူ ၊ တို့ရန်သူ ။  ။

 

ပျိုးကြဲလက်

 

ရေးသားချိန် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက် ညနေ ၄ နာရီ ၅ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “လက်တွဲဖော်”

ကဗျာကဏ္ဍ “လက်တွဲဖော်”

ခွန်းနီ (ပခုက္ကူ) ပျောက်နေတဲ့နံရိုးတစ်ချောင်းကို စစ်ထဲမှာ လာတွေ့တယ် ချစ်လိုက်ရတာ မာရီနာရယ်။ ဘဝရော အသက်ရော ထပ်လို့ အချစ်ကို စစ်ထံ အပ်ခဲ့ကြပြီး တစ်နေ့ လက်ထပ်ကြမယ်တဲ့။ အခုတော့ ကြည်နူးနေချိန်ထက် ကျည်ဖူးဝေချိန်က ပိုများလို့ ကျန်နေ​သေးတဲ့ နံရိုးတွေကို ပြန်စမ်းနေရ။ တူးခါးနေအောင်မုန်းတဲ့ စစ်ထဲ ရူးသွားအောင်...