Poem

Poem

ကဗျာကဏ္ဍ “ဒေါက်တာဇော်မြင့်မောင်သို့”

 

ပျိုးကြဲလက်

 

စစ်နွံမှာ အမှောင်ခွင်းလို့

ဂုဏ်သတင်း ထိန်ထိန်သာ ။

 

ပြည့်ဇာနည် ထောင်အတွင်းမှာ

လင်းလက်ကြယ် တဘဝ

ကြွေခဲ့ရတာ ။

 

ရှင်သန်ဆဲ ခဏမှာ

ကျရာဝန် ကျေပါဘိ ။

 

လားပါစေ ဂတိကောင်းကို

တောင်းဆုချွေ၏ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၇ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...