Poem

Poem

ကဗျာ ကဏ္ဍ “နိုင်ငံပျောက်သူ”

 

ပျိုးကြဲလက်

 

စစ်ခေါင်းဆောင် ဝမ်းတွင်းရူးရယ်က

ယစ်မူးစွာ ပလ္လင်တက်လို့

ရက်စက်ခဲ့အလီလီ။

 

ခုခံစစ်နဲ့တွန်းလှန်ပစ်သကွယ့်

လူညစ်အလံ မြေမှာသက်က

စစ်တပ်ပျက်ပြီ။

 

တပ်ရှုံးလို့ ဖြေမဆည်

ဝဋ်လည်မည့်အရေး။

 

ပြေးစရာ မြေမရှိတယ်

ကလိယုဂ်မှာ ကိုဂုဏ်မောက်တို့

ပြည်ပျောက်ပေါ့လေး။ ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်။ စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီ ၁၈ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး အစချီမနေတော့ပါဘူး သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း ခေတ်ကြီးက မှောင်လိုက်တာဗျာ။   ကျနော်ရောက်နေတဲ့ ဒေသမှာတော့ အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့ ညညဆို ဘယ်အရပ်ကို ခြေဆင်းအိပ်ရမယ်တောင်...