Poem

Poem

ကဗျာကဏ္ဍ “ရေပွတ်ပမာ”

 

ပျိုးကြဲလက်

 

ရွှေပြည်တော် နန်းမွေပျက်ကို

ထီးမွေဆက် ခံလိုပြန်။

 

ပြည့်အာဏာ တပ်မှာကိန်းအောင်

သိမ်းတဲ့မူဟန်။

 

လူထုက ငြင်းဆန်

မောင်းထုတ်ပြန် ပြည်တရိုး။

 

တော်လှန်သူ အောင်လံတပ်က

တပ်အသွင်ညှိုး။

 

နေပြည်တော် နယ်တရိုး

မျှော်ကိုးဖို့ မလွယ်ပြီ။

 

အာဏာရှင် ကိုလူညစ်တို့

သုံးနှစ်တာရှည်။

 

နေ့စဉ်အမြဲ ရာနှင့်ချီ

သေရသည် စစ်နှင့်ရဲ။

 

စစ်သည်တော် အလံဖြူပြရင်

ဒေါပွလို့ဆဲ။

 

နေပြည်တော် တစ်မြို့စားက

တွက်ထားခဲ့ ပြည်သူကို။

 

သတ်ပြရင် ခဏလေး

ငြိမ်းအေးပါ့ဆို။

 

နားကျည်းချက် အမျက်ပို

ပုန်ကန်သကို တပြည်လုံး။

 

စစ်မြေတခွင် လူညွန့်တုံးအောင်

ရှုံးပြီးရင်း ရှုံး။

 

ရာဇဌာနီ ၊ မင်းနေပြည်၌

မျှော်ရည်တမ်းတ ၊ အာဏာရလည်း

ဘဝသက်တာ ၊ ရေပွတ်လာသို့

ငါကအရှင်၊ ငါဘုရင်ဟု

စိတ်ထင်သမျှ ၊ လွဲချော်ရပြီ

ဘဝနိဂုံး ၊ အမိုက်ဖုံး၍

ပျဉ်းသုဉ်း ရတော့မည်တကား။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီ ၂၄ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...