Poem

Poem

ကဗျာ ကဏ္ဍ “ငါ့ကံရယ် တကယ်ဆိုး”

 

ပျိုးကြဲလက်

 

အစွယ်လိုသူ မိဖုရားနဲ့

စေစားတော့ ရှင်ဘုရင် ။

 

ဆဒ္ဒန်ရှင် အစွယ်မြတ်ကို

ဖြတ်ကြဖို့နှင် ။

 

သောနုတ္တရ မုဆိုးပင်

အပြစ်တင် ရန်ငြိုး ။

 

ဤဘဝ လောကဓံဝယ်

ငါ့ကံရယ်ဆိုး ။

 

ပခြုပ်ဆိုင် တော်သလင်းမို့

ချစ်တင်းနှောမဟဲ့ နှစ်ပါးဆိုင် ။

 

လင်တရာ မောင်တကျိပ်နဲ့

ချွေးသိပ်လို့မြိုင် ။

 

အချိန်တန်

အိမ်ပြန်ပေါ့ အပြိုင်ပြိုင်

ဇီးကပ်လို့မှိုင် အပူတိုး ။

 

ဤဘဝ လောကဓံဝယ်

ငါ့ကံရယ်ဆိုး ။

 

ရွေးကောက်ခံ မဲရှုံးလို့

ယူကျုံးမရ လောဘပို ။

 

အာဏာကို လက်နက်ပြ

သိမ်းကြပါဆို ။

 

စစ်ရှုံးမှ မဆိုင်သလို

လွတ်ရာကို ရှောင်သကိုး ။

 

ဤဘဝ လောကဓံဝယ်

အလိုကွယ်

ငါ့ကံရယ်ဆိုး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ဇူလိုင်လ ၃၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...