Poem

Poem

ကဗျာကဏ္ဍ “ရွှေလက်ဆွဲလို့ တွဲကြမယ်”

 

ပျိုးကြဲလက်

 

စွန်ု့စားရာ ထူးပါဘိ

လူရူးရဲ့ လက်အောက်မှာ

လုပ်ငန်းခွင်သာ

စွန့်လွှတ်ကာ ပြည့်အရေးမှာလ

သေဘေးကို ရင်ဆိုင်လို့

နိုင်ငံသစ် တည်ကြတယ်လေး ။

 

မုန်တိုင်းကထန်ထန်

စီဒီအမ် အိမ်ပြန်လမ်းမှာ

ရွှေလက်ကမ်းလို့ အလွမ်းသင့်လျှင်

ဂုဏ်မြင့်ပေါင်းထုံ

စိတ်ခြင်းဆုံ၍

ဘုံကမ္ဘာတမူခြားအောင်

ထူထောင်ရေး လမ်းပုံမှာ

တူစုံစွာ အံကိုခဲလို့

တွဲကြမယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ညနေ ၄ နာရီ ၅ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...