Poem

Poem

အာဇာနည်နေ့အခမ်းအနား ဂုဏ်ပြုကဗျာ “အစွဲမှားနဲ့ အလွဲများ”

 

ပျိုးကြဲလက်

 

ရာဇဝင်မှာ အာရှကျားရယ်က

စာတင်စရာ ဘာမှ မရှားပါဘု

နယ်ချဲ့သမားရန် သူ့ကျွန်မခံတွန်းလှန်ခဲ့တာဖြင့်

တက်ကျစုန်ဆန် လွတ်လမ်းမှာ ရောင်နီလာပြန်တော့

ပြည့်ကံကြမ္မာ ဇာတာညှိုးပြီမို့

ကိုယ်ကျိုးမဖက် ပြည်ကျိုးသာရွက်ပါတဲ့

အဖိုးအနဂ္ဂတန် တို့ခေါင်းဆောင်မှန်သမျှ

မောင်းပြန်ကျည်ခပါပေါ့

လဇူလိုင် ဝါဆိုမိုးရယ်က

အဘယ့်အငြိုးနဲ့ ဖြိုင်ဖြိုင်ရွာ ။

 

အမယ်မင်း အဖိုးရဲ့

ဂဠုန်အမျိုးကိုများ ယုံစားခဲ့လေရော့သလား

သူပုန်အကျိုးကိုများ ပုံထားခဲ့ပေရော့သလား

မဟာအမှား အဖုံဖုံနဲ့

ဆရာသမား အကုန်ကုန်မှာဖြင့်

ပညာရှင်အစုံအစုံ မသေယုံတမယ် ထောင်ထမင်းထောင်ဟင်းနဲ့

ထောင်အတွင်း ပညာပါရမီဖြည့် ဆည်းကြလေရဲ့

အပူမီးတွေ ရင်မှာခပြီမို့

ကျမျက်ရည် ဝေသီစမ်းကာဖြင့်

တမ်းတဖွေရှာ။

 

ရာဇပလ္လင် ဗွေဖောက်လို့

မြေအောက်နဲ့မြေပေါ် ရတနာအစုံကုန်ပါပေါ့

လမ်းဆုံမှာ ကမ်းကုန်အောင်ဟစ်ကာသာ ဆဲလိုက်ချင်ရဲ့

အရေးထဲဆို သွေးခွဲသလို အပိုစကားတွေနဲ့

စီးပွားရှာ ဂုတ်သွေးစုပ်ကြတာဖြင့်

ငွေထုတ်မြင် လင်လုပ်တဲ့ပြည်မို့

အဖိုးရေ ဘုရင်ရူးနဲ့ကျွန်မူး

မြူးကြတဲ့ ဒီမြေမှာ

ဝေဖြာပါ့ အပူမီး ။

ပြည်ရွာက အတူညည်း ။

 

ဤလောက လူတို့ရွာမှာဖြင့်

ပုဂ္ဂိုလ်သည်သာ အားကြီးတဲ့မှီခိုရာရယ်လို့

မြတ်စွာဗုဒ္ဓ လမ်းညွှန်ကာပြခဲ့ပေမယ့်

ဓမ္မနဲ့အဓမ္မကိုလ

သတိတရခွဲခြားနိုင်စွမ်းရယ် မရှိကြတာကြောင့်

အဓမ္မပုဂ္ဂိုလ်စွဲရာ တစ်ခဏတာ အလေးသာခဲ့ပြီမို့

ဇာတ်နာအောင် တစာစာ‘က’ကြရပြန်ပေါ့

ငတ်ဆာလောင် အခါခါထကြွကြစေတော့

စစ်တလင်းပမာဖြိုးခွင်းတာ လူ့ဘဝအဖုံဖုံရေစုန်မျောကာဖြင့်

(အလိုကွယ်)

သောကဖိစီး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၄ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...