ခွန်းနီ (ပခုက္ကူ)
ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ
အသက်ရှုနိူင်သေးတာပဲရှိတယ်
အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။
ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ
ကိုယ်တို့မှာ ရှိတော့တယ်
ဘဝထဲကနေ ထုတ်ပြစရာ
ဘာတွေများ ရှိသေးလို့လဲကွယ်။
ပန်းတစ်ပွင့်ကနေ
တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ
စိတ်ကူးယဥ်ဖို့တောင်
ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။
ကောင်းကင်နဲ့ မြေကြီးအကြား
ဘယ်နေရာကများ စိတ်ချစရာရှိလို့လဲ
တစ်ခုတည်းသော ချစ်ခြင်းဟာလဲ
စစ်အတွင်းမှာပဲ မာရီနာ။
ဖြစ်တဲ့နည်းနဲ့တော့ ကာကွယ်ရမှာပဲ
ကိုယ်တို့ မခုခံနိုင်တော့တဲ့နေ့ဟာ
ကိုယ်တို့ လွတ်မြောက်သွားမဲ့နေ့ပဲ
အဆုံးထိချစ်ကြတာပေါ့ မာရီနာရယ်။
ခွန်းနီ(ပခုက္ကူ)
Thanlwin Myanmar Media