ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)

 

လေယာဥ်ပျံတွေ
ဒရုန်းတွေနဲ့
ဗုံးတွေပဲ သယ်လို့ ရတာလား
အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက်
ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။

စစ်တွေ မဖြစ်ဘဲ
အချစ်တွေသာ စစ်နေခဲ့ရင်
မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ
စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ
ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။

အာဏာရှင်တွေသာ မပေါ်ပေါက်ခဲ့ရင်
ကြမ္မာငင်နေတဲ့ ကမ္ဘာကြီးကို
ငါတို့အတူတူ ကယ်တင်လို့ရနိုင်တယ်။

အခုများတော့ ငါတို့မှာ
ကိုယ့်အသက်ကိုယ် ပြန်ကယ်နေရ
ကိုယ့်ဘဝကိုယ် ပြန်ဆယ်နေရ
ကိုယ့်ဖိစီးမှုကိုယ် ပြန်သယ်နေရတယ်။

ကယ်ပါ ယူပါ
ကယ်ကြ ဆယ်ကြ
အို…..
ရှိရှိသမျှ
လောကပါလတို့။

 

ခွန်းနီ (ပခုက္ကူ)

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “သူခိုးတိုင်းပြည်”

ကဗျာကဏ္ဍ “သူခိုးတိုင်းပြည်”

မိုးထက်ဇော်(ပုံတောင်သား)   သူခိုးကို သနားလို့ ဝန်းရံကြ အလီလီ ကျွန်ပလီလူမျိုး ဒီတိုင်းပြည် ကျွန်မဖြစ်လျှင် ဘယ်တိုင်းပြည် ရှိပါလိမ့်လေး။   သူခိုးကို ထောက်ခံလို့ ဝန်းရံကြ အလီလီ ကျွန်ပလီ လူမျိုး ဒီတိုင်းပြည်မှ မပျက်လျှင် ဘယ်တိုင်းပြည် ပျက်ပါလိမ့်လေး။   အဓမ္မကို ကိုးကွယ်လို့...