Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”

 

ပျိုးကြဲလက်

 

ပြည့်မိခင် ရွှေနန်းနဲ့

သရေလျှမ်း ခက်ဝေ

အနေကြမ်းခိုက် ရတက်ပွေတယ်

မျက်မပြေ နိုင်ဘူး ။

 

တရားနဲ့ သွေဖီကာကွယ်

ပွေလီစွာ စွဲတဲ့လူရူး ။

 

သက်တော်က ရှစ်ဆယ်မယ်

ပြစ်ဆိုဖွယ် ရှိဦး ။

 

ပြည့်မေတ္တာ ထုံကူးတဲ့

အပြစ်ထူး မို့သာ ။

 

အမေအို မွေးနေ့က

ဆွေးမြေ့မြေ့ ရင်ထဲကနာ ။

 

ထောင်ထဲက ခင်ဗျာရယ်

ညင်သာပါ ဆိုရင်းနဲ့

ကိုယ်ချင်းလညိး စာမယ်ဆို

ကျေးဇူးပါ့ဗျို ။

 

ကျန်းမာလို့ အမေအိုရယ်

သက်တော်ဆို ရာကျော်ကွယ့်လေး ။

 

ပြည်ထောင်လည်း ချမ်းမြေ့လိုတယ်

တောင်းဆုကို ခြွေမယ်ပါ့လေး ။

လူထုနဲ့ ပြည့်စာဆိုရယ်

အမေအိုတကယ် လွမ်းလှပေါ့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက် ညနေ ၆ နာရီ ၁၉ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...