Poem

Poem

ကဗျာကဏ္ဍ “အမေအိုနဲ့သပြေညို”

 

ပျိုးကြဲလက်

 

မွေးနေ့တော် အခါကျ

သဟာရ တွေးပျော်

မကြာပါ့ အရေးတော်ရယ်

ဆတွေးသော် အောင်မြဲ ။

 

ချစ်လွန်းလို့ နေရာစုံတယ်

ပြေရွာကုန် ဆုတောင်းမယ့်ပွဲ ။

 

ဘိုးဘွားဘဝ ရှစ်ဆယ်မှာ

ပစ်ပယ်ကာ ထောင်ထဲ ။

 

အတိုင်ပင်ခံ မာဆဲပေါ့

တခါတည်း လွတ်မူ ။

 

ပြည့်တပ်တော် ရှိသားမို့

ပိပြားလို့ အောင်လံလွှင့်ထူ ။

 

သာဝတို့ ငြူစူမယ်

အူတူတူ ဟောင်ရင်းပေါ့

ဆောင်ကြဉ်းကွယ့် အမေအို

ပြည့်ချစ်ပန်းကို ။

 

လူထုက အမေကြိုမယ်

သပြေညို ဆောင်ခဲ့ကွယ့်လေး ။

 

ပြည်ချစ်တဲ့ အမေအိုရယ်

သပြေညို ပန်လှည့်ကွယ့်လေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက် ည ၇ နာရီ ၂၈ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...