Poem

Poem

ကဗျာကဏ္ဍ “အမှောင်ဆုံးကောင်းကင်မှာအလင်းဆုံးကြယ်တွေရှိတယ်”

 

ခွန်းနီ (ပခုက္ကူ)

ရုတ်တရက်ဖြတ်ပြေးသွားတဲ့တိမ်တွေ
အလျင်လိုနေတဲ့စိတ်ကူးယဥ် လှေကလေး
ပင်လယ်ရဲ့အနားသတ်မှာ
လှိုင်းထနေတဲ့တိမ်တွေ
ဘယ်လောက်ပဲဝေးဝေး
ဘယ်လောက်ပဲပြေးပြေး
အချစ်နဲ့သာထွေးခွင့်ရပါစေ။

နာကျဥ်ခဲ့ရတဲ့နှစ်တွေကိုဖယ်လိုက်ရင်
ဘဝဟာဘာမှမကျန်တော့လောက်အောင်
နုံ ခဲ့၊အ ခဲ့၊ လည်စင်းခံခဲ့ရပြီးပြီ
ဒီလိုခေတ်ပျက်ထဲ
ဒီလိုခေတ်ကျပ်ထဲ
ငါတို့ဟာလှိုက်လှိုက်လှဲလှဲနဲ့
လူပီသခဲ့ကြတယ်။

ရှင်သန်ခြင်းဟာ
နာကျဥ်ခြင်းတွေရဲ့ကြားမှာ
အလူးလူးအလွင့်လွင့်နဲ့
ကောင်းကင်နဲ့မြေကြီးရဲ့ကြား
ဘယ်နားမှာများမေတ္တာတရားရှိမလဲ။

ကမ္ဘာမှာအချစ်ပဲရှိလို့မရဘူးလား
မလိုချင်တဲ့စစ်ပွဲကြားမှာလဲ
အချစ်တွေကလိုတာထက်ပိုအဖိုးတန်ခဲ့
တစ်ချို့ကြယ်တွေဟာနှစ်စင်းပူးကြွေပြီး
အနက်ရောင်ညတွေမှာ
ပိုပြီးလင်းပြနေတာလေ။

 

ခွန်းနီ (ပခုက္ကူ)

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...