Poem

Poem

ကဗျာကဏ္ဍ “မမေ့ကြနဲ့”

 

ခွန်းနီ (ပခုက္ကူ)

 

အောင်ပွဲတွေကို တွေ့တဲ့အခါ
ကျဆုံးသူတွေကို မမေ့နဲ့
ပေးဆပ်ခဲ့သူတွေကို မမေ့နဲ့
ဒါဟာ တော်လှန်ရေးရဲ့
ကျင့်ဝတ်ဖြစ်တယ်။

အနာဂတ်နိူင်ငံတော်အသစ်ကို
ပုံဖော်ထုဆစ်တဲ့အခါ
ဖဲ့မထုတ်ရက်ပေမဲ့
ပဲ့ပြုတ်ထွက်ခဲ့တဲ့
အစအနပေါင်းများစွာဟာ
သူရဲကောင်းတွေဖြစ်တယ်
ဦးညွတ်အလေးပြုဖို့မမေ့နဲ့။

ခွန်းနီ(ပခုက္ကူ)

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...