Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”

 

ပျိုးကြဲလက်

 

တော်လှန်ရာ ဒေသခြားက

သတိထား စောင့်စည်းပါ ။

 

သူ့လိပ်စာ သူ့နေရပ်ကို

မစပ်စုရာ ။

 

တဦးချင်း လုံခြုံစွာ

ရှိမှသာ တော်လှန်ရေး ။

 

နယ်ပါယ်စုံ လုံခြုံရမယ်

မှတ်ကြကွယ်လေး ။

 

တော်လှန်ရောင်းရင်း ၊ တဦးချင်း၏

ဘေးကင်းရန်ဝေး ၊ လုံခြုံရေးသည်

တွေးဆကြည့်ရန် ၊ သုံးသပ်ပြန်က

တော်လှန်အမှု ၊ တခုလုံး၏

အရှုံးမဲ့ရေး ၊ လုံခြုံရေးတည့် ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...