Poem

Poem

ကဗျာကဏ္ဍ “တိမ်တောက်ချိန်”

 

ပျိုးကြဲလက်

 

တော်လှန်ခိုက်မှာဖြင့်

စံကိုက်ပါ့အားအင်

လူမိုက်ကိုနှင်
ပြည်တခွင် ညီနောင်ဘွားရယ်နဲ့

စည်းသားလို့ ရန်ထိုထို

မပြိုပြိုအောင် တိုက်ရင်ဖြင့်

လူမိုက်တို့ အစုံအလင်

အလျှင်အမြန် ပြေးပါဘိတယ်လေး ။

 

နေညိုရင် တိမ်တောက်

ဆိုသလောက်ပင်

သူ့အားအင် ဂုဏ်မထွားပေဘု

မိသားစု အစုံအလင်

ဘယ်သောင်တင်ဘယ်ကမ်းဆိုက်စေတော့

လူမိုက်ဘဝ ကြမ္မာငင်

အာဏာရှင် အဖြစ်ဆိုးပြီမို့

ရာဇဝင် ဂုဏ်မညှိုးရအောင်

ကြိုးပမ်းစို့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက် ည ၈ နာရီ ၁၂ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အောင်ပြီ ဟေ့ အောင်ပြီ”   ပျိုးကြဲလက်   ကမ္ဘာမှာ စစ်ကျွန်ဘဝနဲ့ အောက်ကျတဲ့ ငါတို့ပြည် ။   စစ်နွံမှာ လုံ့လစိုက်လို့ တိုက်ထုတ်ခဲ့သည် ။   အောင်ပြီဟေ့ အောင်ပြီ မြန်မာပြည် ညီပါပေ့ ။   စစ်ကျွန်မခံ...