Poem

Poem

ကဗျာကဏ္ဍ “အောင်ပြီ ဟေ့ အောင်ပြီ”

 

ပျိုးကြဲလက်

 

ကမ္ဘာမှာ စစ်ကျွန်ဘဝနဲ့

အောက်ကျတဲ့ ငါတို့ပြည် ။

 

စစ်နွံမှာ လုံ့လစိုက်လို့

တိုက်ထုတ်ခဲ့သည် ။

 

အောင်ပြီဟေ့ အောင်ပြီ

မြန်မာပြည် ညီပါပေ့ ။

 

စစ်ကျွန်မခံ တွန်းလှန်ချိုးတဲ့

သခင်မျိုးဟေ့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၃ နာရီ ၂၆ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ဆုတောင်း”

ကဗျာကဏ္ဍ “ဆုတောင်း”

ခွန်းနီ(ပခုက္ကူ)   သွပ်နဲ့ပဲမိုးမိုး ဖက်နဲ့ပဲမိုးမိုး အချစ်တွေ သာတိုးပါစေ။ အုပ်နဲ့ပဲကာကာ ဝါးထရံနဲ့ပဲကာကာ ချမ်းမြေ့စရာတွေပဲလာပါစေ။ ခြံအကျယ်ကြီးမှာပဲဆောက်ဆောက် မြေကွပ်အကျဥ်းမှာပဲဆောက်ဆောက် မေတ္တာတရားသာလောက်ငှပါစေ။ ပုဇွန်ထုပ်နဲ့စားစား လက်ဖက်သုပ်နဲ့စားစား သဒ္ဒါတရားသာပွားများပါစေ။ မွေ့ယာနဲ့ပဲအိပ်အိပ် ဖျာကြမ်းနဲ့ပဲအိပ်အိပ် စိတ်လက်ချမ်းသာအိပ်နိုင်စေ။ လှိုင်းကြမ်း လေကြမ်း ခရီးကြမ်းမှာ အမှန်တရားသာနိုင်ပါစေ။ မရိုးဖြောင့်သူ လူဆိုးလူညစ် ကျူပင်ရစ်လျှင်...