Poem

Poem

ကဗျာကဏ္ဍ “ရှေးထုံး”

 

ပျိုးကြဲလက်

 

ရာဇပလ္လင်မှာ မင်းယုတ်တက်ရင်ဖြင့်

စစ်မက်ကယ် တကယ်ထူလို့

ပြည်သူမှာ ကပ်ရောဂါနှင့်

သဘာဝဘေးက နှိပ်စက်ပေါ့

ပြည်မပျက်အောင် အစဉ်မနှေးပါဘု

ရှေးလူတွေ စာတော်စကားရယ်က

တွေးယူလေ အမှာတော်ပါးသလိုပါ့

တယောက်စကား တယောက်နားရယ်နဲ့

မှတ်သားဖို့ ချန်ခဲ့သနော် ။

 

ရှေးကဝိ စာဆိုအကျော်တို့

တွေးခေါ်ရာ ပြည်ပျက်ပုံတမူထူးပါဘိ

ဘုရင်ရူးနဲ့ နောက်တော်အပါး

ဖောက်ပြားကာ လော်လီလို့

ကျမျက်ရည် ပြည်တဝန်းမှာလ

မခန်းသရွေ့ ဒေါသကိုယ်စီခရင်ဖြင့်

အကုသိုလ်ကံ ပထမဇောရယ်က

စိတ်စောချိန်မှာ အားအလွန်ကြီးပါဘိ

ပြည်ဟည်းလို့ကျော် ။

 

ပထမဇော အကျိုးပေးထက်ပြန်တော့

ခုနှစ်ရက် ခုနှစ်လ ခုနှစ်နှစ်အတွင်းမှာပါ့

စိတ်ရင်းနဲ့ အကုသိုလ်ကံရယ်က

အပြန်အလှန် ပြုတဲ့အကျိုး

အဖန်အဖန် စုတဲ့အမျိုး

ကပ်ဆိုးတို့ မပြတ်ပေါ်

စိတ်ကိုနော် ဖြူအောင်ထား ။

 

ဘုရင်ရူးနဲ့ နောက်တော်အပါးက

လော်လီကပ်ဖား လူဇော်တသိုက်မှာဖြင့်

ကပ်ဆိုက်ချိန်မှာ မချန်ခဲ့ပါဘု

ကံစိုက်သူ အပူပေးခဲ့သမျှ

ပြန်ခိုက်မူ အတူမနှေးရပါလိမ့်

ရှေးကဝိ အဆူဆူရယ်က

နှောင်းလူတွေ မှတ်သားရအောင်

ချန်ထားခဲ့သား ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက် မွန်းလွဲ ၁ နာရီ ၂၉ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “ရုန်းထချိန်”   ပျိုးကြဲလက်   စစ်တလင်းမှာဖြင့် ချစ်ခြင်းကို စာစီလို့ ကဗျာသီကာ စာမဖွဲ့နိုင်ပေဘု ထံတျာနွဲ့ တေးသံသာ ။   နေရီရီ ခင်နှမရယ်နဲ့ တေးကဗျာ ရေးကာစမ်းစဉ်က ဆွေးစရာ ရှေးခါလွမ်းပါဘိတယ် တမ်းတခါခါ ။   ခွဲရပေါ့ တူနှစ်ဖြာ...