Poem

Poem

ကဗျာကဏ္ဍ “ကြိတ်”

 

ပျိုးကြဲလက်

 

မိုးယံမှာ ပျံဝဲလို့

ရန်မြဲမယ့် ခွေးကောင်

မတန်ဘဲ ရာထူးဆောင်တယ်

ရူးကြောင်ကြောင် သူခိုး ။

 

ကျောင်းတော်က စာသင်တယ်

နာကျင်ဖွယ် ဘဝကံဆိုး ။

 

အိုးထိန်းတွင်း ကျေးရွာရယ်

တွေးခါခါ ရင်ကျိုး ။

 

မညှာတာ မာန်ကိုးနဲ့

ရန်ငြိုးဖွဲ့ တုတ်နှောင် ။

 

ကျောင်းသားငယ် ဗုံးကြဲလို့

တုံးကနဲ သတ်နိုင်တဲ့ကောင် ။

 

နိုင်ငံရဲ့ ဂုဏ်ရောင်ကွယ်

ပုံဆောင်တယ် ရင်သွေးတို့

ပိုက်ထွေးဖို့ တာဝန်ဆို

လူတိုင်းပါ့ကို ။

 

စစ်ခွေးတို့ ရန်လိုတယ်

မာန်ပြိုအောင် ကြံဆကွယ့်လေး ။

 

ကိုယ့်ထိမှ မချိဆိုတယ်

ဖိဖိကို ကြိတ်ကြကွယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက် ည ၁၀ နာရီ ၁၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...