Poem

Poem

ကဗျာကဏ္ဍ “ဒီပဲယင်းကတောက်ခေါက်သံ”

 

ပျိုးကြဲလက်

 

ပြည်တခွင်လုံး ၊ အမှောင်ဖုံးလျှင်

စုရုံးတက်ကြွ ၊ စာသင်ရ၍

ကလေးလူငယ် ၊ ကျောင်းနေရွယ်တို့

ပျော်ဖွယ်အတိ ၊ စာသင်ဘိ ။

 

ခေါင်းလောင်းထိုးသံ ၊ တညံညံနှင့်

စာအံမစဲ ၊ ချွေးသံရွှဲစေ

ပျော်ဆဲရွှင်ဆဲ ၊ သင်အံမြဲ ။

 

ပြည့်ရတနာ ၊ စုရုံးရာကို

သေချာမလွဲ ၊ လေမှာဝဲ၍

ဗုံးကြဲပစ်ခတ် ၊ ရန်ငါပြတ်သူ

လူသတ်သမား ၊ စစ်ခွေးများကို

သနားမဲ့ကင်း ၊ အမြန်ရှင်းလော့ ။

 

စစ်ခွေးဟူဘိ ၊ သူ့အသိတွင်

မရှိတရား ၊ ကျင့်ဝတ်ပါး၍

လူသားမဆန် ၊ စာနာဟန်မဲ့

ခန္ဓာအတိ ၊ ဂုဏ်မဲ့၏ ။

 

အိုးထိန်းတွင်းရွာ ၊ ကျောင်းတော်သာကို

ညှာတာမဲ့ကင်း ၊ ရင်သွေးရင်းသို့

ကိုယ်ချင်းမစာ ၊ ဗုံးချ လာသည့်

အာကာပျံဝဲ ၊ လေသူရဲအား

သေပွဲဝင်​စေတိုက်ပါ့လေ ။

 

ကွယ်

 

ကြွေရဲရင်လေမိုက်ကြစေ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် ည ၈ နာရီ ၁၀ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...