Poem

Poem

ကဗျာကဏ္ဍ “ပြောင်းလှည့်ကြပြီ”

 

ပျိုးကြဲလက်

 

လက်နက်ကို နင်မချလို့

ဗိုလ်ကြီးဘဝ လျှောပြီ ။

 

ငယ်သားတွေ လက်စွမ်းပြတဲ့

နောက်ဘက်ကကျည် ။

 

ဟာလီကွေ့ရဲ့ စခန်းဂုဏ်ရည်

ထင်ပေါ်သည် တပြည်လုံး ။

 

ပြည့်အားကို ပုန်ကန်ထရင်

ဘဝပျောက်ဆုံး ။

 

စစ်မြေမှာ ပြည်သူ့ဘက်က

ရွှေလက်တို့ လာပြီမောင် ။

 

မသေချင် လက်နက်ချလို့

အလံဖြူထောင် ။

 

အရာရှိနဲ့ ကပ်ဖားကောင်

တပ်လုံးပြောင်အောင် မမိုက်နဲ့ ။

 

ငယ်သားတွေ ရှင်သန်ရေးကို

မျှော်တွေးပါကွယ့် ။

 

ပြည်သူတွေ ပျော်ဖို့အရေး

ဆွေးနွေးလို့ တိုင်ပင်လေ ။

 

တပ်ဗိုလ်ပါ ရဲဘော်ထုရဲ့

မိသားစုတွေ ။

 

ပြည်ငြိမ်းမှ ကျမျက်ရည်

ခန်းခြောက်ပါစေ ရွှင်လန်း ။

 

စစ်မြေမှာ နောက်ကျည်ထုနဲ့

ပြည်သူ့ဝန်ထမ်း ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက် နံနက်အစောပိုင်း ၁ နာရီ ၂၆ မိနစ်

Photo – ဟာလီးကွေ့တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသည့် စစ်သားများ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ဖရဲခင်းက သမီးဇာနည်   ပျိုးကြဲလက်   နန်းမြေမှာ ပန်းကြွေကျသမို့ နွမ်းခွေရ ဖြစ်ပုံ ။   အာဏာ့ရှင် ကျွန်ဖြစ်က နွံနစ်ရတုံ ။   ရှေ့ဆက်ဖို့ မလုံခြုံ အဘယ်ပုံ နေထိုင်ရင်း ။   နန်းမြေမှာ ပန်းကြွေဘဝရယ် မွှေးရနံ့သင်း...