Poem

Poem

ကဗျာကဏ္ဍ “တော်လှန်လမ်း”

 

ပျိုးကြဲလက်

 

ဘဝတွေ မှောင်စမ်းပေါ့

ယောင်ယမ်းလို့ နွဲ့ပေါင်

အောင်လမ်းသို့ တည့်တည့်ဆောင်မယ်

ခနဲ့ယောင် ရှိဦး ။

 

အမှောင်ထု နောင်ဆီဝယ်

ရောင်နီရယ် သာတဲ့နေ့ထူး ။

 

မုန်တိုင်းက ပြင်းထန်ရာ

နင်းကန်သာ ရည်စူး ။

 

သူနွဲ့ကာ မော်ဖူးတော့

ပျော်မြူးပေါ့ ဧကန် ။

 

လှိုင်းထန်ချိန် စိတ်ထားက

ထိပ်ဖျားထိ ကြံ့ခိုင်ရပြန် ။

 

အားနည်းခိုက် မူဟန်ကြွယ်

ကူပြန်တယ် ဉာဏ်နဲ့ပေါ့

ပြန်လှည့်ဟဲ့ ဆိုချင်ဆို

ဆုံးဖြတ်ပြီးကို ။

 

ပေဖြစ်ခိုက် ခဏငိုမယ်

အရကို လျှောက်မယ်ကွယ့်လေး ။

 

တူဖြစ်ခိုက် ပြည်ထောင်ကိုကွယ်

စည်အောင်ပို အားစိုက်မယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက် ညနေ ၃ နာရီ ၂၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ဆုတောင်း”

ကဗျာကဏ္ဍ “ဆုတောင်း”

ခွန်းနီ(ပခုက္ကူ)   သွပ်နဲ့ပဲမိုးမိုး ဖက်နဲ့ပဲမိုးမိုး အချစ်တွေ သာတိုးပါစေ။ အုပ်နဲ့ပဲကာကာ ဝါးထရံနဲ့ပဲကာကာ ချမ်းမြေ့စရာတွေပဲလာပါစေ။ ခြံအကျယ်ကြီးမှာပဲဆောက်ဆောက် မြေကွပ်အကျဥ်းမှာပဲဆောက်ဆောက် မေတ္တာတရားသာလောက်ငှပါစေ။ ပုဇွန်ထုပ်နဲ့စားစား လက်ဖက်သုပ်နဲ့စားစား သဒ္ဒါတရားသာပွားများပါစေ။ မွေ့ယာနဲ့ပဲအိပ်အိပ် ဖျာကြမ်းနဲ့ပဲအိပ်အိပ် စိတ်လက်ချမ်းသာအိပ်နိုင်စေ။ လှိုင်းကြမ်း လေကြမ်း ခရီးကြမ်းမှာ အမှန်တရားသာနိုင်ပါစေ။ မရိုးဖြောင့်သူ လူဆိုးလူညစ် ကျူပင်ရစ်လျှင်...