Poem

Poem

ကဗျာကဏ္ဍ “တိမ်ဖုံးချိန်”

 

ပျိုးကြဲလက်

 

ကလေးသူငယ် အခွင့်ရေး

မျှော်တွေးဖို့ မလွယ်ပြီ ။

 

အာဏာကို လုယူထားတဲ့

ဂုတ်ကျားမာန်ဖီ ။

 

ပြည်သူ့အစိုးရ ညံစီစီ

စာသင်ခန်းဆီ ပို့ဆဲ ။

 

ရာဇပလ္လင် ခွေးတက်တော့

ကျောင်းပျက်ရမြဲ ။

 

ကလေးလူရွယ် ပညာရေး

ဘဝပေးက ခါးသကို ။

 

အခွင့်သာချိန် စာသင်ဆဲ

ဗုံးကြဲသေးဆို ။

 

သင်ခန်းစာတို့ ကြမ်းသဗျို

ပျားသကာလို မချိုဘူး ။

 

လေကြောင်းရန် သင်ပြရင်းနဲ့

ဗုံးကျင်းကိုတူး ။

 

ခါတရံ လက်နက်ကြီးနဲ့

ချိန်ရွယ်ပြီး ထုတဲ့မောင် ။

 

ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့

ကျောင်းများကိုရှောင် ။

 

ကလေးသူငယ် သတ်တဲ့ကောင်

အမိန့်ယောင်ယောင် မလွှဲနဲ့ ။

 

ကံဇာတာ အလှည့်ကျရင်

ခံကြစေကွယ့် ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် ည ၁၀ နာရီ ၈ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး အစချီမနေတော့ပါဘူး သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း ခေတ်ကြီးက မှောင်လိုက်တာဗျာ။   ကျနော်ရောက်နေတဲ့ ဒေသမှာတော့ အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့ ညညဆို ဘယ်အရပ်ကို ခြေဆင်းအိပ်ရမယ်တောင်...