Poem

Poem

ကဗျာကဏ္ဍ “ခေတ်တာဝန်နဲ့ သမီးပျို”

 

ဒီခေတ်ရှား

 

ဘဝလက်တံတွေ ရှည်သလောက်

 သံယောဇဉ် ဘောင်ကျ

ကျဥ်းကျဥ်းလေးနဲ့ ဣထိယမိန်းမပျို ….

 

ဘာကိုမှ မခင်တွယ်တတ်သူမို့

ခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်းကြားက

သူရွေးခဲ့တာ စီဒီအမ်တဲ့။

 

သူ့ကိုယ်သူ ခေတ်ရဲ့တာဝန်ကို

ဒီလောက်နဲ့တင် အားမရသေးဟန်တူပါ့

ထောက်ပို့မှုနဲ့ တော်လှန်ရေး

အစုန် အဆန် စုံကန်လို့ ကူးခတ်ကောင်းနေတုန်း။

 

မောလည်း မနား

မျှောလည်း မသွားတဲ့

စိတ်နဲ့ သူလဲကျသွားပါစေ။

 

သူ့ကို အားကိုးနေရှာတဲ့

စီဒီအမ်မိသားစုတွေအတွက်တော့

သူဟာ အမြဲတမ်းအား။

 

ကြပ်တည်းမှုကို ရှေ့ထွက်

ခုတ်မဲ့ ဓါးဖြစ်သလို

ဖိုးသူတော်တို့ အားပြုထရမဲ့

တောင်ဝှေးဟာ သူဘဲ။

 

ပူပူလောင်လောင်ထဲက

ရအောင်ပျော် အေးအေးခဲခဲထဲကနေ

ရအောင်ပြုံးရဲတဲ့သူ….။

 

သူ့အပြုံးချိုချို သူ့ရယ်သံလွင်လွင်

သူ့စကားသံမြမြတို့ဟာလည်း

တစ်နည်းတစ်ဖုံနဲ့ သူ့ပတ်ဝန်းကျင်ကို

အကျိုးပြုနေရှာရဲ့။

 

ကမ္ဘာမြေကို ပူပူတောက်

ချစ်ခဲ့ပါလျက် မျက်နှာက

အေးအေးမြ ရယ်နေတတ်တာနဲ့တင်

လိပ်ပြာတွေ သံသယ ကင်းပါပြီ …

 

ယနေ့ ကျရောက်ခဲ့သော

မွေးနေ့မှသည် နောင်နှစ်များစွာအထိ

မိမိရဲ့ စိတ်အခင်းအကျင်း အတိုင်း

ပုံဖော်ပျော်ရွှင်နိုင်ပါစေ ။ ။

 

ဒီခေတ်ရှား

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ) အိမ်လေးတစ်အိမ် ရှိတယ် ဒါပေမဲ့ တိမ်တွေကြားမှာ အိမ်ဟာ ငြိမ်သက်နေပြီး ကျွန်တော်ဟာ မျောလွင့်လို့ အစီစဥ်တကျမရှိတဲ့ နေ့တွေကို စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။ အချစ်ကိုဘဝ ထင်ပြီး မိုက်မဲခဲ့ဖူး သလို အခုစစ်ကို ဘဝထင်နေရ မိုက်မိုက်မဲမဲ ချစ်နေရ ဒါပေမဲ့ အမေ...