Poem

Poem

ကဗျာကဏ္ဍ “နန်းနန်းတို့လစာ”

 

ပျိုုးကြဲလက်

 

အုပ်ချုပ်သူ ညံ့ဖျင်းတော့

ပြည်တွင်းက ဖြစ်ပုံ

လူငယ်ထု လမ်းအကြုံမှာ

နိုင်ငံစုံထွက်ပြေး ။

 

ခေါင်းပုံဖြတ် အနိုင်ယူတယ်

မရှောင်မူ ခမယ့်ရန်ဘေး ။

 

လုပ်ငန်းသို့ ဝင်လိုရင်

ဥဒဟို စစ်ဆေး ။

 

စစ်မှုခေါ် လူပြန်ပေးက

ဆွဲသေးပေါ့ ခက်ကြုံ ။

 

ထုတ်လုပ်သူ ခေါင်ပါးလို့

လုပ်အားခ စျေးတက်မယ်ပုံ ။

 

စရိတ်တို့ ခေါင်ဆုံရင်

ထုတ်ကုန်တွေ စျေးတက်လေမှ

နောင်ခက်ပေါ့ အူကြောင်ကြောင်

မုဒိမ်းခေါင်းဆောင် ။

 

နန်းနန်းတို့ ဝမ်းဆာလောင်ရင်

ငိုမဲ့ယောင် ခံကြကွယ့်လေး ။

 

ငွေရိုက်လို့ ကုန်စျေးရှောင်ရင်

မိုးထိအောင် တက်လိမ့်မယ်လေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက် ညနေ ၅ နာရီ ၃၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ) အိမ်လေးတစ်အိမ် ရှိတယ် ဒါပေမဲ့ တိမ်တွေကြားမှာ အိမ်ဟာ ငြိမ်သက်နေပြီး ကျွန်တော်ဟာ မျောလွင့်လို့ အစီစဥ်တကျမရှိတဲ့ နေ့တွေကို စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။ အချစ်ကိုဘဝ ထင်ပြီး မိုက်မဲခဲ့ဖူး သလို အခုစစ်ကို ဘဝထင်နေရ မိုက်မိုက်မဲမဲ ချစ်နေရ ဒါပေမဲ့ အမေ...