Poem

Poem

ကဗျာကဏ္ဍ “ဗိုလ်လုပွဲမို့ ဆွဲတဲ့လွန်”

 

ပျိုးကြဲလက်

 

နွေဂိမှာန် တော်လှန်လရယ်နဲ့

ပြည်အဝန်းမှာ ထိုးစစ်ခေါ်ရင်ဖြင့်

ဆိုးညစ်ဆွေ ဖော်တသိုက်မှာလ

အကျိုးအပြစ်တွေ အမျှော်စိုက်ပါလို့

ကပ်ဆိုက်ပါပေါ့ လောကဓံ ။

 

တော်လှန်သူ အိမ်ပြန်လမ်းဆီက

ခြေလှမ်းတွေ ညီညီနဲ့

လှမ်းချီရာ လူ့ဘောင်အသစ်မှာလ

ခေတ်မီမီ သင်းရနံ့ဝေလို့

ရွှေအိမ်မှာစံ ။

 

သူပုန်ကောင် ညွှန်ရာလိုက်ပါတဲ့

ဆိုးမိုက်ကာ နယ်တရိုးဆီက

သူခိုးဂျပိုး အော့ကြောလန်

အမြင်မှန်ရင် အိမ်အပြန်လှပါဘိ

ခဝါချမယ့် သူတို့ပွဲ

အထာကျသကွယ့် ကူစို့အမြဲ ။

 

လက်နက်ကို နင်မချရင်ဖြင့်

ကံထမလို မတွေးနဲ့

ပြန်ချသကို အပြေးကွယ့်

သေရေးနဲ့ ရှင်ဖို့အရေး

မနှေးပါနဲ့ ကိုလူမိုက်ရယ်

ကြိုက်လမ်းကို ကိုယ်စီရွေးချိန်မို့

 

(ကွယ်)

 

အတွေးလွန်ဆွဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက် ည ၉ နာရီ ၂၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...